ရေအတွက် အသက်စတေးရမယ့် သြစတေးလျ ကုလားအုတ်များ

သစ်ကုလားအုတ်တွေက ရေရှာဖို့အတွက် လမ်းမတွေအပေါ်ထိတက်လာကြတယ်။ အဲဒါကြောင့် ကလေးငယ်တွေရဲ့ လုံခြုံ၊ ဘေးကင်းမှုအတွက် စိတ်ပူနေရတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလားအုတ်တွေက ရေရှာဖို့အတွက် လမ်းမတွေအပေါ်ထိတက်လာကြတယ်။ အဲဒါကြောင့် ကလေးငယ်တွေရဲ့ လုံခြုံ၊ ဘေးကင်းမှုအတွက် စိတ်ပူနေရတယ်

အပူချိန်မြင့်တက်နေချိန်၊ ရေရှားပါးနေတာကြောင့် သြစတေးလျတောင်ပိုင်းက ကုလားအုတ် ကောင်ရေ ၁ သောင်း လောက်ကို ရဟတ်ယာဉ်အသုံးပြုပြီး ပစ်သတ်ဖို့အတွက် သြစတေးလျအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ ၅ ရက်တာအစီအစဉ်ကိုတော့ မနေ့က ဇန်နဝါရီ ၈ရက်၊ ဗုဒ္ဓဟူးနေ့မှာစတင်ခဲ့ပါတယ်။ ရေလိုအပ်ချက်ကြောင့် ထောင်ပေါင်းများစွာသော ကုလားအုတ်တွေက မြို့ရွာတွေနဲ့ အဆောက်အဦ တွေအနီးနားမှာ ရေရရှိဖို့ ကြိုးပမ်းလာတယ်လို့ သြစတေးလျ တိုင်းရင်းသားတွေက အစီရင်ခံကြပါတယ်။

"ကုလားအုတ်တွေက ရေရှာဖို့အတွက် လမ်းမတွေအပေါ်ထိတက်လာကြတယ်။ အဲဒါကြောင့် ကလေးငယ်တွေရဲ့ လုံခြုံ၊ ဘေးကင်းမှုအတွက် စိတ်ပူနေရတယ်" လို့ ခနီပီ လူမျိုးစုဖြစ်တဲ့ မာရီတာက ပြောပါတယ်။

အချို့ကြမ်းတမ်းတဲ့ ကုလားအုတ်တွေကိုတော့ သတ်ဖြတ်ခဲ့ပြီးပါပြီ။

ကုလားအုတ်တွေကို သတ်ဖြတ်ဖို့အတွက်ကိုတော့ သြစတေးလျနိုင်ငံ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေဌာန က တာဝန်ယူလုပ်ဆောင်မှာဖြစ်ပါတယ်။

အဲဒီလို ကုလားအုတ် အရေအတွက် လျှော့ချတာကိုတော့ သြစတေးလျတောင်ပိုင်း အနန်ကူ ပစ်ဂျန်ဂျက်ဂျာရာ ယန်ဂျန်ဂျစ်ဂျာရာ (အေပီဝိုင်) ဒေသမှာလုပ်မှာပါ။ အဲဒီနေရာက သြစတေးလျ ဌာနေ တိုင်းရင်းသားမျိုးနွယ်စုတွေ နေထိုင်တဲ့နေရာဖြစ်ပါတယ်။

သြစတေးလျတိုင်းရင်းသားတွေ နေထိုင်တဲ့နေရာ အေပီဝိုင်ဒေသနေပြည်သူတွေရဲ့ ဘဝအတွက် ကုလားအုတ်တွေကို သတ်ဖြတ်ပြီးတော့ ရေရှားပါးမှုလျှော့ချတဲ့ အစီအစဉ်ကိုလုပ်မှာပါလို အဲဒီဒေသ ရဲ့ အကြီးအကဲ ရစ်ချက်ကင်းက ထုတ်ပြန်ပြောဆိုပါတယ်။

ခြောက်သွေ့နေတဲ့ အခြေအနေဖြစ်နေချိန်မှာ ကုလားအုတ်တွေ များပြားနေတာကြောင့် ဌာနေတိုင်းရင်း သားတွေရဲ့၊ ရပ်တည်မှုကို အခက်အခဲဖြစ်စေလို့ အခုလိုထိန်းချုပ်ဖို့လုပ်ရတာလို့ သူကပြောပါတယ်။

ဗီဒီယို ပုံစာ, သြစတေးလျ တောမီး အခြေအနေ ပိုဆိုးလာ

"ပူးပြင်းတဲ့ရာသီ၊ အနံ့အသက်ကလည်း မကောင်း၊ ပူပြင်းပြီး စိတ်မချမ်းမြေ့စရာအခြေအနေပဲ၊ ကုလားအုတ်တွေကလာတယ်၊ ခြံစည်းရိုးတွေကိုဖျက်၊ အိမ်တွေနားအထိ ဝင်ဖို့ကြိုးစားပြီးတော့ ရေရှာ ကြတယ်" လို့ အေဝိုင်ပီဒေသ အမှုဆောင်အဖွဲ့ဝင် မာရီတာဘာကာ ကပြောပါတယ်။

ခြောက်သွေ့ပြီး ပူပြင်းတဲ့ အခြေအနေတွေကနေတဆင့် နိုင်ငံတဝန်းက သစ်ပင်၊ ခြုံပုတ်တွေကို မီးလောင် တာက လချီကြာနေတာအပြင် ၂၀၁၉ ရဲ့ နောက်ဆုံးနှစ်ပိုင်းမှာတော့ ရေကပါ ရှားပါးလာတဲ့ အခြေအနေကို ရောက်လာတာပါ။

ကုလားအုတ်တွေက သြစတေးလျ မျိုးရင်းတော့မဟုတ်ပါဘူး။ ၁၉ရာစုအတွင်း ဗြိတိသျှတွေစိုးမိုးစဉ် တုန်းက အရှေ့အလယ်ပိုင်း၊ အိန္ဒိယနဲ့ အာဖဂန်နစ္စတန်ကနေ ပါလာခဲ့တာဖြစ်ပါတယ်။

သြစတေးလျတိုက် အလယ်ပိုင်းတလျှောက်တော့ ကုလားအုတ်အရေအတွက်က ရာထောင်ချီပြီးတော့ ကွဲပြားပါတယ်။

ကုလားအုတ်တွေက သြစတေးလျ မျိုးရင်းတော့မဟုတ်ပါဘူး။ ၁၉ရာစုအတွင်း ဗြိတိသျှတွေစိုးမိုးစဉ် တုန်းက အရှေ့အလယ်ပိုင်း၊ အိန္ဒိယနဲ့ အာဖဂန်နစ္စတန်ကနေ ပါလာခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလားအုတ်တွေက သြစတေးလျ မျိုးရင်းတော့မဟုတ်ပါဘူး။ ၁၉ရာစုအတွင်း ဗြိတိသျှတွေစိုးမိုးစဉ် တုန်းက အရှေ့အလယ်ပိုင်း၊ အိန္ဒိယနဲ့ အာဖဂန်နစ္စတန်ကနေ ပါလာခဲ့တာဖြစ်ပါတယ်။

အဲဒီကုလားအုတ်တွေက ခြံစည်းရိုးတွေကို ဖျက်စီးတာ၊ နေအိမ်အဆောက်အဦတွေကို ဖျက်စီးတာ အပြင် လက်ရှိလူတွေအရေးတကြီးလိုနေတဲ့ ရေတွေကို လာသောက်နေကြတာပါ။

နောက်ပြီး ကုလားအုတ်တွေက ရာသီဥတုကို ပြောင်းလဲစေတဲ့ အကြောင်း အရင်းခံတွေဖြစ်တဲ့ မီးသိန်းဓာတ်ငွေ့ နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်တာများပါတယ်။

လက်တလော သြစတေးလျတောမီးကြောင့် အိမ်ခြေ ၂၀၀၀ လောက်ပျက်စီးဆုံးရှုံးနေပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် စက်တင်ဘာအထိ အသက်ဆုံးရှုံးသူကလည်း အနည်းဆုံး ၂၅ဦးရှိနေပါပြီ။

သြစတေးလျတိုက်ရဲ့ အရှေ့နဲ့ တောင်ပိုင်းတဝန်းမှာတော့ အဆိုးဆုံးသက်ရောက်မှုရှိပြီးတော့ သတ္တဝါ အများအပြားလည်း မီးကြောင့် သေဆုံးနေရပါတယ်။

အခုလိုမီးလောင်တာကတော့ နှစ်စဉ်ဒီလိုအချိန်တွေမှာ ဖြစ်နေကျပါပဲ။ ဒါပေမယ့် ဒီတခါဖြစ်တဲ့မီးလောင်မှု ကတော့ ဖြစ်နေကျ ဖြစ်စဉ်တွေထဲမှာတော့ အဆိုးဝါးဆုံး ပျက်စီးဆုံးရှုံးမှုတခုဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခုလိုမီးလောင်တာကတော့ နှစ်စဉ်ဒီလိုအချိန်တွေမှာ ဖြစ်နေကျပါပဲ။ ဒါပေမယ့် ဒီတခါဖြစ်တဲ့မီးလောင်မှု ကတော့ ဖြစ်နေကျ ဖြစ်စဉ်တွေထဲမှာတော့ အဆိုးဝါးဆုံး ပျက်စီးဆုံးရှုံးမှုတခုဖြစ်ပါတယ်။

အခုလိုမီးလောင်တာကတော့ နှစ်စဉ်ဒီလိုအချိန်တွေမှာ ဖြစ်နေကျပါပဲ။ ဒါပေမယ့် ဒီတခါဖြစ်တဲ့မီးလောင်မှု ကတော့ ဖြစ်နေကျ ဖြစ်စဉ်တွေထဲမှာတော့ ပျက်စီးဆုံးရှုံးမှုအများဆုံး ဖြစ်ပါတယ်။

အခုဆယ်စုနှစ်ပိုင်းအတွင်း နိုင်ငံတဝန်းအပူချိန်တွေ ပိုပြီးမြင့်တက်နေပါတယ်။ ဒီထက်ပိုပြီးတော့လည်း မြင့်လာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

အပူချိန်တွေမြင့်လာပြီး တောမီးတွေဆက်တိုင်လောင်နိုင်တယ်ဆိုတာကိုလည်း သိပ္ပံပညာရှင်တွေက အရင်ကတည်းက အသိပေးခဲ့ပါတယ်။

ဗီဒီယို ပုံစာ, သြစတေးလျနိုင်ငံတဝန်း လောင်နေတဲ့ တောမီး