ဦးဝီရသူ - လွှတ်တော်က တိုင်းဖျက်ပြည်ဖျက် ဥပဒေတွေကိုလုပ်ဖို့ပြင်နေတယ်

မြိတ်မြို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲ က ဦးဝီရသူ

ဓာတ်ပုံ ရင်းမြစ်, Aung Kyaw

ဓာတ်ပုံ ပုံစာ, မြိတ်မြို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲ က ဦးဝီရသူ

နေပြည်တော်က NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်ပက စပွန်ဆာတွေကြောင့် ကြိုးဆွဲရာ ကနေရတယ်လို့ အမျိုးသားရေးဆရာတော် အမည်ခံသူ ဦးဝီရသူက စွပ်စွဲလိုက်ပါတယ် ။

လွှတ်တော်ထဲက အများစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးအရ ဂျီဟဒ် အလုပ်ခံထားရပြီးတော့ မြန်မာနိုင်ငံကို ရောင်းစားဖို့ ကြံနေကြတယ်လို့ အမျိုးသားရေးဆရာတော် အမည်ခံသူ ဦးဝီရသူ ရုရှားလူမှုကွန်ရက် VK စာမျက်နှာပေါ်ကနေ ဇူလိုင်၁၈ရက်နေ့ ညပိုင်းကပြောပါတယ်။

လွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၄၅ ဦး ပူးပေါင်းကော်မတီက အစီရင်ခံစာတင်ထားပြီး လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ ဥပဒေမူကြမ်း ထွက်လာရေး ဆွေးနွေးကြဖို့ ရှိနေပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေဟာ အနောက်နိုင်ငံတွေကရတဲ့ အကူညီတွေ၊ ဒေါ်လာငွေတွေကြောင့် တိုင်းပြုပြည်ပြု ဥပဒေတွေအစား၊ တိုင်းဖျက်ပြည်ဖျက် ဥပဒေတွေကို လုပ်ဖို့ပြင်နေတယ်လို့ ဦးဝီရသူ ကပြောပါတယ်။

ဇူလိုင်၁၇ အခြေခံဥပေဒ ပြင်ဆင်ရေးထောက်ခံပွဲ
ဓာတ်ပုံ ပုံစာ, ဇူလိုင်၁၇ အခြေခံဥပေဒ ပြင်ဆင်ရေးထောက်ခံပွဲ

ပြင်ဖို့၊ ဖြည့်ဖို့နဲ့ ဖျက်ဖို့ အကြံပြုချက်ပေါင်း ၃၇၀၀

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လက်ရှိအခြေခံဥပဒေကို ပြင်ဖို့၊ ဖြည့်ဖို့နဲ့ ဖျက်ဖို့တွေကို လွှတ်တော်ကနေတဆင့် လုပ်ဖို့ ပြင်နေပါတယ် ။

အကြံပြုချက်ပေါင်း ၃၇ဝဝ ကျော် ရထားပြီး လွှတ်တော်အတွင်း ဆွေနွေးမှုတွေက တဆင့် ဥပဒေမူကြမ်း တစ်စောင် ထွက်လာဖို့ ပြင်နေတာပါ။

အဲဒီထဲမှာ အမျိုးသားရေးအမည်ခံ အုပ်စုတွေ အခုရက်ပိုင်း ကန့်ကွက်နေကြတဲ့ ပုဒ်မ ၅၉ စ ပါဝင်ပါတယ် ။ ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရေး အဟန့်အတားဖြစ်စေခဲ့တဲ့ ပုဒ်မလည်း ဖြစ်ပါတယ်။

ပုဒ်မ ၅၉ စ ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ လုံးဝပယ်ဖျက်ဖို့ အဆိုပြုထားပါတယ် ။

အခု ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူ ဘာလို့ အစိုးရရဲ့ တရားစွဲတာ ခံထားရသလဲ ဆိုတဲ့ အခြေခံ အကြောင်းတွေထဲ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ပုဒ်မ ၅၉ စ မပြင်ရေးပွဲမှာ ဟောပြောခဲ့တဲ့ စကားလုံး ဝေါဟာရတွေကြောင့် ဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။

ပုဒ်မ ၅၉ စ

ပုဒ်မ ၅၉ စ ဆိုတာ သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်ရှိသူရဲ့ အရည်အချင်း ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်း ကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ"ဟု ဖော်ပြထားတာ ဖြစ်ပါတယ်။

လက်ရှိအခြေခံဥပဒေမှာ ပုဒ်မ ၅၉ (စ ) ကို မပြင်ဖို့အတွက် ဇူလိုင်၁၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မှာ လူထောင်ချီ ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာတော့ ပုဒ်မ၅၉ (စ) ကို ထိပါးသူ ဒို့ရန်သူ ၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး ၊ သာသနာနဲ့ သံဃာအချင်းချင်း သင်းကွဲအောင် စော်ကားသူ ဒို့ရန်သူ စတာတွေ ကြွေးကြော် ခဲ့ကြပါတယ်။

ပုဒ်မ ၅၉ ( စ )ကို ပယ်ဖျက်ရင် အမျိုးဘာသာ သာသနာကို ထိခိုက်နိုင်မယ်လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ဟောပြောတာတွေလည်း ရှိပါတယ်။

ဦးဝီရသူက ဇူလိုင် ၁၈ ရက်နေ့ အွန်လိုင်း ဗီဒီယိုမှာတော့ အစိုးရဟာ အမျိုးသားရေးသမားတွေကို နှိပ်ကွပ်ပြီးတော့ ပြည်သူ့အရေးကို မျက်ကွယ်ပြုနေတယ်လို့လည်း ထည့်သွင်း ပြောသွားပါတယ်။

ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည် ကိုသမ္မတဖြစ်ရေး အဟန့်အတားဖြစ်စေခဲ့တဲ့ပုဒ်မလည်းဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည် ကိုသမ္မတဖြစ်ရေး အဟန့်အတားဖြစ်စေခဲ့တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

အမျိုးသားရေးဆရာတော် အဖြစ် လူသိများတဲ့ ဦးဝီရသူဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ အနောက်ပိုင်း ခရိုင်တရားရုံးမှာ အမှုဖွင့်ခံထားရပြီး လတ်တလောမှာလည်း သူ့ကို ဘယ်နေရာမှာဖြစ်ဖြစ် ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ကို အပ်နှံခွင့်ရှိတဲ့ ဖမ်းဝရမ်းသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၄ ရက်နေ့က ထပ်မံ ထုတ်ပြန်ထားခဲ့ပါတယ်။

ဦးဝီရသူဟာ တနင်္သာရီတိုင်း မြိတ်မြို့နဲ့ ရန်ကုန်၊ ကျောက်တံတားမြို့နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထောက်ခံပွဲတွေနဲ့ အမျိုးသားရေးလှုပ်ရှားမှု ဟောပြောပွဲတွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းထန်ကြမ်းတမ်းစွာ ပုတ်ခတ် ဟောပြောတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့က မေလ ၂၈ ရက်နေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်း ထုတ်ထားခဲ့တာပါ။

ဒါ့အပြင် ရန်ကုန်တိုင်း သံဃမဟာနာယက အဖွဲ့ကလည်း ဦးဝီရသူကို မေလ (၃၀) ရက်နေ့မှာ ဆုံးမသြဝါဒပေးဖို့ ဆင့်ခေါ်ခဲ့ပေမယ့် အခြေအနေအရ ဆိုင်းငံ့တယ်ဆိုပြီး ပြန်လည် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ဦးဝီရသူကို တစ်လအတွင်း လာရောက်အဖမ်းခံ ဖြေရှင်းဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဇူလိုင် ၉ ရက်နေ့က အမိန့်ချမှတ် လိုက်ပါတယ်။ အဲဒီ ဝရမ်းကိုလာမယ့် သြဂုတ်လ ၉ရက်နေ့မှာ တရားရုံးထံ ပြန်လည်တင်သွင်းဖို့ ရက်ချိန်း ပေးထားပါတယ်။

ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်း ကော်မတီဖွဲ့ လုပ်ဆောင်နေတာတွေဟာ ဥပဒေနဲ့ မကိုက်ညီဘူး ဆိုတဲ့ သဘောထားကို တပ်မတော်က ဆက်လက် ကိုင်စွဲထားတာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်း ကော်မတီဖွဲ့ လုပ်ဆောင်နေတာတွေဟာ ဥပဒေနဲ့ မကိုက်ညီဘူး ဆိုတဲ့ သဘောထားကို တပ်မတော်က ဆက်လက် ကိုင်စွဲထား

လက်ရှိမှာတော့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြင်ဆင်ရမယ့် ပုဒ်မကို အကြံပြုထားတဲ့ အစီရင်ခံစာကို လွှတ်တော်ကို တင်ပြထားပြီးပါပြီ။

အစီရင်ခံစာတင်သွင်းတာကို ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို နိုင်ငံအနှံ့ မြို့ ၁၅ မြို့မှာ ကျင်းပခဲ့ကြ သလိုဘဲ၊ တဖက်မှာလည်း ဥပဒေ နည်းလမ်းတကျ ပြင်ဖို့ ၅၉ စ ကာကွယ်ရေး ဆန္ဒထုတ်ဖော်တာတွေ ရှိနေပါတယ်။

ပုဒ်မ ၅၉ စ ကိုပယ်ဖျက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ တို့ အဆိုပြုထားပါတယ် ။

ဦးဝီရသူကတော့ လွှတ်တော်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဧည့်စာရင်းစစ်တဲ့ ဥပဒေအပါအဝင် ဥပဒေ အချို့ ပယ်ဖျက်ခဲ့တာကို ထောက်ပြ ပြောဆိုသွားပြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေဟာ နိုင်ငံခြား အကူညီတွေကြောင့် ငွေနဲ့ပေါက်ခံရပြီး ပါးစပ်ပိတ်ကာ ရုပ်သေးရုပ်လို ကြိုးဆွဲရာ ကနေရတဲ့ ဘဝကို ရောက်နေရတာ ဖြစ်တယ်လို့လည်း ဦးဝီရသူက ပြောပါတ