ပုပ်ရဟန်းမင်းနဲ့ လူသိန်းချီ ဝတ်ပြု

pope

ဓာတ်ပုံ ရင်းမြစ်, VINCENZO PINTO

ဓာတ်ပုံ ပုံစာ, မြန်မာပြည်ကို ပထမဆုံးလာတဲ့ ပုပ်ရဟန်းမင်း

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ နှစ်သိန်းလောက် ရှိတဲ့ ကက်သလစ် ဘာသာဝင်တွေနဲ့အတူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဝတ်ပြု ဆုတောင်းခဲ့ပါတယ်။

ဒါဟာ မြန်မာပြည် ခရီးစဉ် တတိယ မြောက်နေ့မှာ ဖြစ်ပါတယ်။

ပုပ်ရဲ့ အမိုးဖွင့် ကားဖြူနဲ့ လူထု ပရိသတ်ကြားထဲကို ရဟန်းမင်းက ဝင်လာခဲ့တာ ဖြစ်ပါတယ်။

လူမျိုးရေး ပဋိပက္ခ ဒဏ်ရာ အနာတရ တွေအကြောင်း ပုပ်ရဟန်းမင်းက မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပြီး လူတွေကို လက်စားချေခြင်းက ရှောင်ကြဉ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါဟာ ယေရှု ခရစ်တော်ရဲ့ နည်းလမ်း မဟုတ်ဘူးလို့ ဆိုတာပါ။

pope

ဓာတ်ပုံ ရင်းမြစ်, ETTORE FERRARI

ဓာတ်ပုံ ပုံစာ, သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်နဲ့ ပုပ်ရဟန်းမင်းကြီး

အဲဒီနောက် ပုပ်ရဟန်းမင်းနဲ့ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်တွေ ရန်ကုန် ကမ္ဘာအေး ကုန်းမြေမှာ တွေ့ဆုံ ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာတော့ ပုပ်ရဟန်းမင်းက ဘာသာရေး အကဲဆတ်မှု၊ အမုန်းတရားနဲ့ အာဃာတတွေ ကို ချေဖျက်ကြဖို့ ဆရာတော်တွေကို ပန်ကြား ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, မြန်မာပြည် ကက်သလိပ် ခရစ်ယာန် သာသနာ သမိုင်း
pope

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပုပ်နဲ့ တွေ့ဖို့ မနက်အစော ကတည်းက စောင့်နေကြ
ဗီဒီယို ပုံစာ, ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံရောက်ရှိ

အင်္ဂါနေ့က နေပြည်တော်မှာ မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ပြောတဲ့ မိန့်ခွန်းမှာ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို ထည့်သွင်း ပြောဖို့ ပျက်ကွက် တယ် ဆိုပြီး နိုင်ငံတကာမှာ ပြောဆို ဝေဖန်ခဲ့ကြပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာပြည်ကို ပထမဆုံး လာတဲ့ ပုပ်ရဟန်းမင်းရဲ့ ခရီးစဉ် ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာတော့ မြန်မာပြည်က ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်ကို ခရီးဆက်ဖို့ ရှိပါတယ်။ အဲဒီမှာတော့ မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တချို့နဲ့ သူ တွေ့ဖို့ ရှိပါတယ်။

ဗီဒီယို ပုံစာ, ပုပ်ရဟန်းမင်းကြီး မြန်မာပြည် ဘာကြောင့်လာ