ဓားစာခံလွှတ်မယ့်ရက်ကို ဟားမတ်စ် ရွှေ့ဆိုင်း

ဓားစာခံလွှတ်မယ့်ရက်ကို ဟားမတ်စ် ရွှေ့ဆိုင်း

ဟားမတ်စ်က အစ္စရေးဟာ အပစ်ရပ် သဘောတူညီချက်တွေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး သူတို့ ပြန်လွှတ်စရာ ကျန်နေသေးတဲ့ ဓားစာခံတွေကို စီစဉ်ထားတဲ့ အတိုင်း မလွှတ်သေးဘဲ နောက်ထပ် ကြေညာချက် တစုံတရာမထုတ်ပြန်မချင်း မလွှတ်သေးဘူးလို့ ဆိုပါတယ်။ စနေနေ့မှာ ဟားမတ်စ်ဘက်က နောက်ထပ် ဓားစာခံ တသုတ်ကို ထပ်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ အစ္စရေးကတော့ အခုကြေညာချက်နဲ့ ပတ်သက်လို့ ဒေါသတကြီး တုံ့ပြန်လိုက်သလို သူ့တပ်ဖွဲ့တွေကိုလည်း ဖြစ်လာနိုင်တဲ့ အခြေအနေတွေအတွက် အသင့်ပြင်ခိုင်းထားပါတယ်။ ဘီဘီစီသတင်းထောက် ဝိုင်ယာ ဒေးဗိစ် ဂျေရုဆလင်က ပေးပို့ ထားတဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။