အီရန်အတွက် ထရမ့် ဘာဆက်လုပ်မလဲ

အီရန်အတွက် ထရမ့် ဘာဆက်လုပ်မလဲ

အီရန်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို အစိုးရက လူအသေအပျောက် ဖြစ်စေတဲ့ အထိ ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ထရမ့်ဘက်က ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းတွေ ရှိနေပါတယ်။ မစ္စတာထရမ့်က အီရန်အနေနဲ့ ဆက်လက်ပြီး သတ်ဖြတ်မှုတွေကို လုပ်နေမယ်ဆိုရင် ပြင်းထန်စွာ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ အီရန်မှာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာတွေ ရပ်သွားပြီဆိုတဲ့ ခိုင်မာတဲ့ သတင်းတခု ရထားပြီ ဖြစ်ကြောင်း ပြောပါတယ်။ တချိန်တည်းမှာပဲ ကာတာမှာ ရှိတဲ့ အမေရိကန်ရဲ့ လေတပ်စခန်းကြီးကနေ အမေရိကန် နဲ့ ယူကေက စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေသူတချို့ကို ခေါ်ထုတ်ခဲ့ပါတယ်။ တချို့ နိုင်ငံတွေက တဟီရန်မှာ ဖွင့်ထားတဲ့ သူတို့ သံရုံးတွေကို ပိတ်ပစ်ခဲ့ကြပါတယ်။ ဆိုင်မွန် ဂျုန်းစ်ရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။