ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ အပစ်ရပ်ရေး ဆွေးနွေး
ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ အပစ်ရပ်ရေး ဆွေးနွေး
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်ပြည် ကူမင်းမြို့မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးအပါအဝင် အချက်တချို့ကို ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ပိုမိုခိုင်မာမှုရှိအောင် ထပ်မံဆွေးနွေးတာတွေ ရှိပေမယ့် အဲဒီဆွေးနွေးပွဲဟာ ရှမ်းမြောက်ဒေသတစ်ခုတည်းအတွက်သာ အကျုံးဝင်ပြီး ရခိုင်ပြည်နယ်ထဲက စစ်ပွဲတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ရက္ခိုင့်တပ်တော် ရဲ့ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။ ဒီအကြောင်း မညိုလဲ့ရည်က ပြောပြပေးမှာပါ။



