ဘိန်းစိုက်ဧက ၁၀၀၀ ကျော် TNLA ဖျက်ဆီး

ဗီဒီယို ပုံစာ, ဘိန်းစိုက်ဧက ၁၀၀၀ ကျော်ကို TNLA ဖျက်ဆီး
ဘိန်းစိုက်ဧက ၁၀၀၀ ကျော် TNLA ဖျက်ဆီး

တအာန်းအဖွဲ့ TNLA က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်ထဲက ဘိန်းစိုက်ဧက တစ်ထောင်ကျော်ကို ကိုးရက်အတွင်း ဖျက်ဆီးခဲ့တယ်လို့ TNLA က ထုတ်ပြန် လာပါတယ်။ ဘိန်းစိုက်ဧက ထောင်နဲ့ချီဖျက်ဆီးခံခဲ့ရတဲ့ဘိန်းစိုက်တောင်သူတွေအတွက် ပြန်လည် ကုစားနိုင်တဲ့အစီအမံတွေ TNLA မှာရှိနေပါပြီလား။ ဘိန်းစိုက်ပျိုးမှုပပျောက်ဖို့ ဘိန်းခင်းတွေ ဖျက်တာထက် လက်တွေ့ကျကျ လုပ်နိုင်တဲ့အချက်တွေဆိုပြီး တောင်သူတွေဘက်က ပြောလာပါတယ်။ အပြည့်အစုံကိုမစန္ဒာဝင်းက ပြောပြပေးပါမယ်။