ICE အဖွဲ့ကြောင့် အမေရိကန်ရောက် မြန်မာတွေစိုးရိမ်
ICE အဖွဲ့ကြောင့် အမေရိကန်ရောက် မြန်မာတွေစိုးရိမ်
အမေရိကန်ပြည်ထောင်စုမှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး နောက်ပိုင်းမှာ အမိမြေ လုံခြုံရေးဌာနရဲ့ အေဂျင်စီ တစ်ခုဖြစ်တဲ့ ICE အဖွဲ့က ရွေ့ပြောင်းနေထိုင်သူတွေကို လမ်းမတွေ ပေါ်မှာတင် ပစ်ခတ် ဖမ်းဆီးတာတွေ လုပ်ဆောင်လာတာကြောင့် အမေရိကန်ရောက် မြန်မာ့ အသိုင်းအဝိုင်းအပေါ်မှာလည်း ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ အခုလို ဖမ်းဆီးမှုတွေကြောင့် ဘယ်လောက်တောင် သက်ရောက်မှု ကြီးသလဲ ဆိုရင် မင်နီဆိုးတားပြည် နယ်၊ စိန့်ပေါလ်မြို့က မြန်မာကျောင်းသူတစ်ဦး မိမိကိုယ်ကို အဆုံး စီရင်တဲ့အထိတောင် ဖြစ်သွားခဲ့ပါတယ်။ အမေရိကန်ရောက် မြန်မာ အသိုင်းအဝိုင်းရဲ့ အခြေအနေတွေကို မသူဇာလင်းက ပြောပြပေးသွားမှာပါ။



