PPP ခေါင်းဆောင်ကို ရွေးကောက်ပွဲ ကော်မရှင် အရေးယူမယ်

ဗီဒီယို ပုံစာ, PPP ကို ရွေးကောက်ပွဲ ကော်မရှင် အရေးယူမယ်
PPP ခေါင်းဆောင်ကို ရွေးကောက်ပွဲ ကော်မရှင် အရေးယူမယ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ပြည်သူ့ရှေ့ ဆောင်ပါတီ ဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးကို ပြည်ပသံရုံးတစ်ခုနဲ့တွေ့ဆုံခဲ့တာကြောင့် ဥပဒေနဲ့အညီ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ ကော်မရှင်ကို ကြိုတင် အကြောင်း မကြားခဲ့ တာကြောင့် ပါတီကို ဖျက်သိမ်းနိုင်တဲ့အထိ အရေးယူနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ဒီအခြေအနေကြောင့် ပြည်သူ့ရှေ့ဆောင် ပါတီအတွက် သက်ရောက်မှုတွေ ရှိလာ နိုင်မလား။ ဒေါ်သက်သက်ခိုင်ရဲ့ ပါတီဥက္ကဋ္ဌရာထူးအတွက်ပဲ သက်ရောက်မှုရှိနိုင်မလား။ ဒီအကြောင်း ကိုသန့်ဇင်ဦး ပြောပြပေးပါမယ်။