ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ဆန္ဒပြသူတွေကို အင်အားသုံးဖို့ ခွင့်ပြုခဲ့
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာဟာ ပြီးခဲ့တဲ့ နွေရာသီ အတွင်းက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေကို သေစေနိုင်တဲ့ လက်နက်မျိုးတွေကို သုံးပြီး ဖြိုခွဲဖို့ ခွင့်ပြုခဲ့တယ်ဆိုတာကို ပေါက်ကြားလာတဲ့ အသံဖိုင်တခုအရ သိရပါတယ်။
အဲဒီ အသံဖိုင်ကို ဘီဘီစီက စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီ အသံဖိုင်ထဲမှာ ဟာဆီနာက သူ့ လုံခြုံရေး တပ်ဖွဲ့တွေကို ဆန္ဒပြတဲ့ သူတွေကို တွေ့တဲ့နေရာမှာ ပစ်ခတ်ဖို့အတွက် ခွင့်ပြုကြောင်း ပြောကြားနေတာကို ကြားရပါတယ်။ အဲဒီ အချိန်က ဆန္ဒပြပွဲတွေ အတွင်း လူပေါင်း ၁,၄၀၀ သေဆုံးခဲ့ရသလို ၁၂,၀၀၀ လောက် ဒဏ်ရာ ရခဲ့ကြပါတယ်။ အခုတော့ သူ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်သူ အဖြစ် တရားစွဲဆိုထားပြီ ဖြစ်ပါတယ်။ ဘီဘီစီ ရဲ့ မျက်ဝန်း ဌာနက သတင်းထောက် ရစ်ဒီ ဂျားရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။