ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂုတ်ထိပ် တံတား ဖျက်ဆီးခံရ
ဂုတ်ထိပ် တံတား ဖျက်ဆီးခံရ
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ နာမည်ကျော် ဂုတ်ထိပ်တံတားဟာ ဩဂုတ် ၂၄ ရက် မနက်ပိုင်းမှာပဲ ဖျက်ဆီးခံလိုက်ရပြီး လက်သည် မပေါ်သေးဘဲ ဖြစ်နေပါတယ်။ လက်ရှိ အချိန်ထိ တံတားအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး တံတားပျက်စီးမှုနဲ့ ပတ်သက်လို့ အပြန်အလှန် စွပ်စွဲနေကြတာပါ။ ဂုတ်ထိပ်တံတားဟာ စစ်ရေးအတွက် ဘယ်လို အရေးပါနေပါလဲ။ မစန္ဒာဝင်းက စုစည်း ပြောပြပါမယ်။