နျူကလီးယား စက်ရုံနေရာ ပျက်စီးခဲ့ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးပြော

ဗီဒီယို ပုံစာ, အီရန်နျူကလီးယား စက်ရုံနေရာ အကြီးအကျယ်ပျက်စီးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော
နျူကလီးယား စက်ရုံနေရာ ပျက်စီးခဲ့ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးပြော

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယား စီမံကိန်းနေရာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တယ် ဆိုတာကို အီရန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ အီရန် ဘာသာရေးခေါင်းဆောင်ကတော့ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုအပေါ် သမ္မတထရမ့်က ပုံကြီးချဲ့ ပြောနေတာ ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ အီရန်အစိုးရက ဘီဘီစီ နိုင်ငံတကာ သတင်းထောက်ချုပ် လိစ် ဒူးဆက် ကို တီဟီရန်မြို့မှာ လာရောက် သတင်းယူခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ပြည်သူတွေအတွက် ထုတ်လွှင့်နေတဲ့ ဘီဘီစီ ပါရှန် သတင်းဌာနမှာတော့ သူ့ရဲ့သတင်းတွေ ဖော်ပြခွင့် မရှိပါဘူး။ အီရန်မှာ ရောက်ရှိ သတင်းယူနေတဲ့ သတင်းမီဒီယာအားလုံးကိုလည်း အလားတူ ကန့်သတ်ထားပါတယ်။ တီဟီရန်ကနေ လိစ် ဒူးဆက် သတင်းပေးပို့ထားတာကို မသီရိဇော်က ပြောပြမှာပါ။