ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိမ်ဖြူတော်မှာ တကျော့ပြန် ခြေချချင်တဲ့ ဒေါ်နယ်ထရမ့်
အိမ်ဖြူတော်မှာ တကျော့ပြန် ခြေချချင်တဲ့ ဒေါ်နယ်ထရမ့်
အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး၊ နာမည်ကြီး ရုပ်မြင်သံကြား အစီအစဉ် တခုမှာ အဓိက ပါဝင်သူနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန် နိုင်ငံရေး သမိုင်းမှာ လူထုထောက်ခံမှုပိုင်းမှာ နှစ်ခြမ်းကွဲစေသူ တယောက် ဖြစ်ပါတယ်။ ဒီနှစ် ကျင်းပတဲ့ အမေရိကန် ရွေးကောက်ပွဲတွေအတွက်လည်း ကြိုတင်မဲတွေ စတင်ပေးနေကြပြီ ဖြစ်ပါတယ်။ ဆိုတော့ သမ္မတ အိမ်ဖြူတော်မှာ တကျော့ပြန် ခြေချဖို့ ပြင်နေတဲ့ ဒေါ်နယ်ထရမ့် ရဲ့ အကြောင်းကို ရှုစားရအောင်ပါ။ ကိုရင်မောင်က ပြောပြထားပါတယ်။