ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း အပစ်ရပ်ရေး ထရမ့်နဲ့ ပူတင် သဘောမတူရင် ဘာဖြစ်မလဲ
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ ရုရှား သမ္မတ ပူတင်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ ရှိတယ်လို့ မနေ့က မော်စကို ဘက်က ထုတ်ဖော်ပြောကြားပါတယ်။ ယူကရိန်းမှာ အပစ်ရပ်ရေး ဆွေးနွေးဖို့ အတွက် သမ္မတ ၂ ယောက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ မစ္စတာ ထရမ့်နဲ့ မစ္စတာ ပူတင်တို့ အကြားက ဆက်ဆံရေးဟာ အနိမ့်အမြင့် အတက်အကျ ရှိခဲ့ပါတယ်။ မကြာသေးခင် အချိန်ကလည်း အိမ်ဖြူတော်ဘက်က မော်စကိုကို ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်မယ်လို့ ထုတ်ပြောထားပါတယ်။ တကယ်လို့ ယူကရိန်းမှာ အပစ်ရပ်ရေး သဘောတူချက် မရဘူး ဆိုရင် ဘာတွေ ဆက်ဖြစ်နိုင်မလဲ။ ဘီဘီစီ သတင်းထောက် ပေါလ် အက်ဒမ် ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။