ယူကရိန်းကို ရုရှား ကျူးကျော်မှု ၃ နှစ်ပြည့်

ယူကရိန်းကို ရုရှား ကျူးကျော်မှု ၃ နှစ်ပြည့်

ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ခဲ့တာ ၃ နှစ်ပြည့်ချိန်မှာပဲ ကမ္ဘာ့ခေါင်းဆောင်တွေ ကိယက်ဗ်ကို လာရောက်ပြီး အားပေးထောက်ခံမှုကို ပြသခဲ့ကြပါတယ်။ ဒေါ်နယ်ထရမ့်က ယူကရိန်းနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အနေအထားကို ပြောင်းလဲလာချိန်မှာ အခုလို လာရောက်ကြတာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း သမ္မတ ဇလန်းစကီးကို အာဏာရှင်ဆိုပြီး ခေါ်ခဲ့သလို ယူကရိန်းက စစ်စခဲ့တာ ဖြစ်တယ်လို့တောင် ဆိုခဲ့ပါတယ်။ ကိယက်ဗ်မြို့တော်က ယူကရိန်းဆိုင်ရာသတင်းထောက် ဂျိမ်းစ် ဝါးတားဟောက်စ် ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။