ကာတာတော်ဝင်မိသားစုအတွက် ပိတ်ရက်မရှိ အလုပ်လုပ်ပေးရတဲ့ အိမ်အကူတွေရဲ့ ဘဝ

no tag

လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင် ကာတာနိုင်ငံရဲ့ လူ့အခွင့်အ ရေးမှတ်တမ်းတွေက နိုင်ငံတကာရဲ့ ဝေဖန်ဆန်းစစ်မှု ခံနေရပါတယ်။ အဲ့ဒီဝေဖန်မှု တွေထဲက အားကစားကွင်းတွေ၊ ဟိုတယ်တွေ တည်ဆောက်တဲ့ နေရာတွေမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ဆက်ဆံခံနေရပုံတွေအကြောင်းကို ရှေ့မှာ အများကြီး ဖော်ပြထားပြီးကြပါပြီ။

 ဒါပေမဲ့ ကာတာက အုပ်ချုပ်သူလူတန်းစားဆီမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားက အိမ်အကူတွေရဲ့ အခြေအနေက ဘယ်လိုရှိလဲဆိုတာကိုတော့ ‌ဖော်ပြခဲ့တာ မတွေ့ရသေးပါဘူး။

 အားလပ်ရက်မရဘဲ နာရီပေါင်းများစွာ အလုပ်လုပ်နေရတဲ့အကြောင်းကို ကျားမရေးရာနဲ့ ကိုယ်ပိုင်လက္ခဏာ ဆိုင်ရာ ဘီဘီစီ သတင်းထောက် မီဂါမိုဟမ်က ကာတာက အိမ်အကူ လုပ်သားနှစ်ယောက်ကို မေးမြန်းတင်ဆက်ထားပါတယ်။

“ကျွန်မကြုံရတဲ့အတွေ့အကြုံက ပုံမှန်အတွေ့အကြုံမဟုတ်မှန်း သိပါတယ်”လို့ အာသီရာ(သူမရဲ့ အမည်ရင်းမဟုတ်)က သူအလုပ်လုပ်နေတဲ့ ကာတာနိုင်ငံ တော်ဝင် အယ်လ်သာနီ မိသားစုရဲ့အိမ် မြေအောက်ခန်းကနေ ဘီဘီစီကို ဗီဒီယိုကတဆင့် ဆက်သွယ်စကားပြောခဲ့ပါတယ်။

 ချောမွေ့လှပပြီး တောက်ပတဲ့ ဆံပင်ရှည်ရှည်၊မိတ်ကပ်တွေအပြည့်နဲ့ အာသီရာရဲ့ ပုံစံက ဆွဲဆောင်မှု ရှိပြီး ပြုံးရွှင် တက်တက်ကြွနေပါတယ်။ သူ့ကိုယ်ပေါ်မှာ လည်း ဒီဇိုင်နာ စကတ်ရှည်၊ Nike တံဆိပ် အ‌ပေါ် အင်္ကျီကို ဝတ်ထားပါတယ်။

 ဖိလစ်ပိုင်မှာဆိုရင် ဒီလိုအဝတ်အစားမျိုးတွေ သူဝယ်မဝတ်နိုင်ပါဘူး။ နေ့ဖို့စားဖို့အတွက်တောင် လုပ်အားခရဖို့ ဖိလစ်ပိုင်မှာ အခက်အခဲရှိလို့ ဒီမှာ သူ အလုပ်လာလုပ်နေရတာပါ။

 အခြားဖိလစ်ပိုင် အိမ်အကူအလုပ်သမားတွေနဲ့ အတူ အခန်းကျယ်ကြီး တစ်ခုစုငှားပြီး သူတို့ ပေါင်းနေကြပါတယ်။

 သူတို့မှာ ကိုယ်ပိုင်အိပ်ခန်းကိုယ်စီနဲ့ မီးဖိုချောင်လည်း သီးသန့်ရှိပါတယ်။ အဲဒါက အရေးကြီးပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 အစားအစာတွေတောင်းပြီး၊ကယ်ဖို့ တောင်းပန်ပြောနေတာတွေ တစ်တော့နဲ့ ဖေ့စ်ဘွတ်ခ်မှာ မြင်နေရတာ အဲ့ဒီသူတွေထက်စာရင် သူတို့ကံကောင်းတယ်လို့ အာသီသာရာက သဘောထားပါတယ်။

 “အဲဒီဗီဒီယိုတွေကို အွန်လိုင်းမှာ တစ်ချိန်လုံးမြင်နေရတော့ ကျွန်မ အရမ်းကံကောင်းတယ်လို့ ခံစားမိတယ်” လို့ သူက ဆိုပြီး "ကျွန်မ အတွက်ကတော့ ဒီမှာနေနေရတဲ့ နေ့တိုင်းက ဒဏ္ဍာရီပုံပြင်တစ်ခုလို ခံစားရတယ်။"လို့ ရှင်းပြပါတယ်။

 အာသီရာကိုင်နေတဲ့ iPhoneက သူ့ အလုပ်ရှင်တွေက လက်ဆောင်ပေးထားတာပါ။ ပြီးတော့ သူ့ကို အလုပ်ရှင်တွေက ဒီဇိုင်နာအဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ၊ ဖိနပ်တွေဆင်ထားပြီး၊ ကာတာငွေ ၅၀၀(ဒေါ်လာ၁၅၀နီးပါး)ထက်ကျော်တဲ့ ဘောက်ဆူးလည်း ပေးပါတယ်။

အာသီရာက ကာတာ တော်ဝင်မိသားစုပိုင်တဲ့ နန်းတော်လေးခုမှာ အလုပ်လုပ်ခဲ့ ပါတယ်။

“ စင်ဒရဲလားနန်းတော်တွေလိုပဲ ” မျက်နှာကြက်အမြင့်ကြီးတွေ၊ မီးပဒေသာတွေဆင် ထားတဲ့ အခန်းတွေ၊ ရွှေတွေကွပ်ထားတဲ့ ရှေးဟောင်းပစ္စည်းတွေ၊ ကမာခွံနဲ့ လုပ်ထား တဲ့ စားပွဲတွေနဲ့ လတ်လတ်ဆတ်ဆတ် ပန်းတွေရဲ့ ရနံ့တွေလည်း ရနေတယ်လို့ သူ အလုပ်လုပ်ခဲ့တဲ့ အခန်းတွေရဲ့ပုံစံကို ရှင်းပြပါတယ်။

ပြီးတော့ အထူးတလည်ပြင်ဆင်ပြုပြင်ထားတဲ့ ဥယျာဉ်တွေ၊ ရေကူးကန်တွေ၊ တင်းနစ်ကွင်း တွေနဲ့ စမ်းရေတွင်းလည်းရှိတယ်လို့ ပြောပါတယ်။

 တော်ဝင်စံအိမ်တော်မှာ အလုပ်လုပ်ရတဲ့နေ့တွေဆိုရင် ယေဘုယျအားဖြင့် နံနက် ၆ နာရီခွဲကစ အလုပ်လုပ်ရပြီး တော်ဝင်မိသားစုအတွက် နံနက်စာ ပြင်ဆင်ပေးရပါ တယ်။ တော်ဝင်မိသားစုဝင်တွေစားပြီးတာနဲ့ အာသီရာတို့ နံနက်စာစားရပါတယ်။ ပြီးတော့ အခန်း သန့်ရှင်းရေးတွေ လုပ်ပြီး၊ နေ့လယ်စာအတွက် ပြင်ဆင်ပေးရပါတယ်။

“လူတွေအများကြီးရှိတော့ အလုပ်လုပ်ရတာ ပေါ့ပေါ့ပါးပါးပါပဲ”လို့ အာသီရာက ပြောပါသေးတယ်။

 နေ့လယ်စာစားအပြီး ရှင်းလင်းသိမ်းဆည်းတာတွေလုပ်ပြီးရင် နေ့လယ် ၃နာရီကနေ ၆နာရီ အတွင်း အိမ်တော်မှာ အလုပ်လုပ်တဲ့ဝန်ထမ်းတွေ အနားရပါတယ်။ အာသီရာတို့ ညစာစားပြီးတဲ့အချိန် အလုပ်လုပ်ပြီးသွားရင်တော့ သွားချင်တဲ့နေရာကို လွတ်လွတ် လပ်လပ် သွားလို့ရပါတယ်။

 ပင်လယ်ကွေ့ ဒေသမှာ အလုပ်လုပ်နေတဲ့ အိမ်အကူအမျိုးသမီးတွေ မကြာခဏ တိုင်တန်းနေကြတဲ့ ပတ်စ်ပို့ အသိမ်းခံထားရသလိုမျိုး သူရဲ့ ပတ်စ်ပို့ ကို တော်ဝင်မိသားစု က သိမ်းမထားဘူးလို့ သူကပြောပါတယ်။

 ဒါပေမဲ့ အာသီရာက စနေ၊ တနင်္ဂနွေ အပါအဝင် အားလပ်ရက်တရက်မှ မရဘဲ နေ့တိုင်း အလုပ်လုပ်ရပါတယ်။ ဒါဟာ သူ့မိသားစုအတွက် အရေးကြီးတဲ့ ငွေကြေး ထောက်ပံ့မှုရ နိုင်ဖို့အတွက် သူပေးဆပ်နေရတဲ့ ဘဝအခြေအနေပါ။

no tag

 အိမ်အကူ အလုပ်သမားတွေရဲ့ အခွင့်အရေး

 ပင်လယ်ကွေ့ဒေသက နိုင်ငံအများစုဟာ နိုင်ငံခြားက လာအလုပ်လုပ်တဲ့ အလုပ် သမားတွေ အလုပ်ပြောင်းတာ သို့မဟုတ် အလုပ်ရှင်ခွင့်ပြုချက်မရဘဲ နိုင်ငံအတွင်းက ထွက်ခွာမသွားနိုင်အောင် "kafala" စနစ် ပြဋ္ဌာန်းချက်နဲ့ အလုပ်ရှင်တွေက အလုပ် သမားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းခွင့်ရှိပါတယ်။

 ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ပြီးတဲ့နောက် နိုင်ငံတကာရဲ့ စောင့်ကြည့်လေလာမှုအောက်ကို ရောက်လာတဲ့အတွက် ကာတာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

 တစ်နေ့အလုပ်ချိန် ၁၀ နာရီ သတ်မှတ်ပြီး၊အလုပ်လုပ်ချိန်အတွင်း အနားပေးတာ၊ အပတ်စဉ် အားလပ်ရက်တစ်ရက်ပေးတာနဲ့ အခကြေးငွေခံစားခွင့်ရှိတဲ့ အားလပ်ရက် ပိတ်ရက်တွေပေးတဲ့ အိမ်တွင်းအလုပ်သမား ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ပါတယ်။

နောက်ပိုင်းမှာ အနည်းဆုံး လုပ်အားခငွေ (တစ်လ ၁၀၀၀ rials သို့မဟုတ် ဒေါ်လာ ၂၇၅ )နီးပါး ပေးရမယ်လို့ ပြဋ္ဌာန်းခဲ့သလို၊ အလုပ်ရှင်တွေရဲ့ ခွင့်ပြုချက်မလိုဘဲ အလုပ်ပြောင်းခွင့် သို့မဟုတ် နိုင်ငံတွင်းက ထွက်ခွာခွင့်လည်းပေးထားပါတယ်။

ဒါပေမဲ့ ၂၀ ၂၀ ခုနှစ် အောက်တိုဘာလက နားရက်မရှိ တစ်ရက်ကို ပျမ်းမျှ ၁၆နာရီ အလုပ်လုပ်နေရတဲ့ အိမ်အကူလုပ်သား ၁၀၅ဦးကို စစ်တမ်း ကောက်ယူချက်အရ အလွန်အကျွံ အလုပ်ပိုလုပ်ရတာ၊ အနားယူချိန်မရှိတာ၊ ရိုင်းစိုင်းယုတ်ညံ့တဲ့ ဆက်ဆံ မှုတွေဆက်ရှိနေဆဲလို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောနေပါတယ်။

 ပင်လယ်ကွေ့ဒေသက VIPs အရေးကြီးပုဂ္ဂိုလ်တွေအတွက် ဖိလစ်ပိုင်ဝန်ထမ်းတွေ ရှာဖွေစုဆောင်းပေးနေတဲ့ မနီလာက လူသစ်စုဆောင်းသူ Mary Grace Morales မာရီဂရေ့စ်မော်ရေးစ်ဟာ ကာတာကလူတွေအတွက် အရေးကြီးတဲ့ ဖောက်သည် တစ်ဦးဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဖလားအတွက် ပြင်ဆင်ဖို့ အကူအညီ တွေပို လိုအပ်နေချိန်မျိုးမှာ သူ့ရဲ အကူအညီက အရေးပါပါတယ်။။

ဧည့်သည်တွေနေတဲ့ အခန်း အားလုံးနီးပါး VIP အရေးကြီးပုဂ္ဂိုလ် ဧည့်သည်တွေနဲ့ ပြည့်နေတဲ့အတွက် သူတို့အတွက် အထူးဝန်ဆောင်မှုပေးဖို့ လိုအပ်နေတယ်လို့ မော်ရေးစ်က ပြောပါတယ်။

 တော်ဝင်မိသားစုက အမျိုးသမီးတွေကိုဝန်ဆောင်မှုပေးတဲ့ အိမ်အကူတွေကို အမျိုးသမီး ဒရိုင်ဘာ၊ အိမ်အကူ လုပ်သား၊ အစားအသောက်ပြင်ဆင်ပေးတဲ့သူ ၊ သူနာပြု ဆရာမ (အထူးသဖြင့် သူနာပြုဟောင်းတွေ)၊ ထမင်းချက်ဆိုပြီး အမျိုးအစားငါးမျိုး ခွဲခြားထားပါတယ်။

 “ကာတာ တော်ဝင်မိသားစုအတွက် အလုပ်လုပ်ဖို့ စေလွှတ်ခံရတဲ့ မိန်းကလေးတွေက အသက် ၂၄ နှစ်ကနေ ၃၅ နှစ်ကြားရှိပြီး အရမ်းလှကြတယ်” လို့ မစ္စမော်ရေးစ်က ပြောပါတယ်။

 လန်ဒန် ဘီဘီစီရုံးချုပ်ကနေ သူ့ကိုအင်တာဗျူးနေတဲ့အချိန် ဖန်သားပြင်ကို ခဏကြည့်ပြီး “သူတို့ကရှင့်ထက် ပိုလှတယ်” လို့ ပြုံးပြီး ပြောပါသေးတယ်။

 သူ ပြောတာကို သူ့ကလေး (သားသမီး)တွေကြားသွားပြီး အခုလို ပြောတာဟာ ရိုင်းပျတဲ့ သဘောရောက်တယ်လို့ ပြောကြတဲ့အတွက် WhatsApp ကနေတဆင့် သူ့ရဲ့ရိုင်းပြမှုအတွက် ပြန်တောင်းပန်ပါတယ်။

 ကျွန်မကလည်း သူ့ကို စိတ်မဆိုးပါဘူးလို့ သေသေချာချာပြောရပြီး၊ ရုပ်ရည်ကို အခြေခံပြီး လူတွေကို ငှားရမ်းတဲ့ကိစ္စဟာ နိုင်ငံတော်တော်များများမှာ တရားမဝင်ဘူးလို့ မဆိုလိုဘူးလို့ ပြောရပါတယ်။

no tag

ကာတာတော်ဝင်မိသားစုဟာ နန်းတော်ရဲ့ အလုပ်ရှုပ်တဲ့ ကိစ္စရပ်တွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ တက်ကြွ ကျန်းမာသန်စွမ်းတဲ့ပုဂ္ဂိုလ်တွေ လိုအပ်တာကြောင့် ငယ်ရွယ်တဲ့သူတွေပဲ ခန့်ချင်တာလို့ သူကဆိုပါတယ်။

ပြီးတော့ အလုပ်လျှောက်တဲ့သူတွေက အရမ်းလှဖို့လိုတယ်လို့ သူက ထပ်ပြောပါတယ်။

 တော်ဝင်မိသားစုရဲ့ ကိုယ်ရေးကိုယ်တာလက်ထောက်တစ်ဦးအဖြစ် အလုပ်လုပ်မယ် ဆိုရင် တက္ကသိုလ်ပညာသင်ကြားထားတဲ့သူဖြစ်ဖို့လိုသလို အင်္ဂလိပ်စကားတတ်ဖို့ လိုအပ်ကြောင်း၊ သန့်ရှင်းရေးသမားတွေကတော့ အထက်တန်းကျောင်း တက်ခဲ့ဖူးတဲ့ သူ ဖြစ်ရမယ်လို့ မစ္စမော်ရေးစ်က ပြောပါတယ်။

 အဲဒီအချက်တွေက အိမ်အကူ အလုပ်သမားတွေအတွက် မြင့်မားလွန်းတဲ့ အတွက် သူတို့အတွက် အတားအဆီးဖြစ်နေတယ်လို့ သူ့ကို ပြောလိုက်တော့

"ဒီအလုပ် က အားကျစရာကောင်းတဲ့ အလုပ်လေ " လို့ သူက ပြန်ဖြေပါတယ်။

 "အကျိုးခံစားခွင့်တွေ အများကြီးရှိတယ်။ တော်ဝင်မိသားစုက သဘောထားကြီးတယ်။ နန်းတော်ထဲမှာ နေရရင် မိန်းကလေးတွေက ဝဝဖြိုးဖြိုး ဖြစ်လာကြ‌ရော ။တော်ဝင်မိသားစုက သူတို့ကို ကောင်းကော င်းကျွေးမွေးတယ်လေ"

 လွန်ခဲ့တဲ့ငါးနှစ်အတွင်း တော်ဝင်နန်းတော်အတွက် ရာနှင့်ချီတဲ့ ဝန်ထမ်းတွေ သူရှာ ပေးခဲ့ရပြီး၊ လုပ်ငန်းခွင်အခြေအနေနဲ့ ပတ်သက်လို့ ဘယ်သူမှ အခုထိ စောဒက မတက်ကြဘူးလို့ ပြောသလို၊ လက်တွေ့မှာ သူတို့ရဲ့ အလုပ်ကန်ထရိုက်စာချုပ်တွေ အမြဲတမ်းလိုပဲ သက်တမ်းတိုးနေကြတယ်လို့ ဆိုပါတယ်။

 မစ္စမော်ရေးစ်က TikTok မှာ သူ့ရဲ့ဗီဒီယိုတွေကို hashtag #khadamalife နာမည်နဲ့ တင်နေပါတယ်။အများစုကလည်း အဲ့ဒါကို အသုံးပြုကြပြီး၊ သူတို့ရဲ့ အိမ်ဖော်အ တွေ့အကြုံတွေကို အမျိုးသမီးတွေက မကြာခဏလာပြောကြပါတယ်။ သိသာထင်ရှားလောက်တဲ့ အရေအတွက် အများစုကတော့ လုပ်ငန်းခွင်ထဲမှာ ပိတ်မိနေပြီး မပျော်မရွှင်ဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။

အခြားအိမ်အကူ လုပ်သားတစ်ဦး အတွေ့အကြုံ

ဂလေဒီစ်ဆိုတဲ့တယောက် (သူမရဲ့ အမည်ရင်းမဟုတ်)ဟာ ကာတာက VIP မိသားစု တစ်ခု အတွက် အလုပ်လုပ်ပေးနေတဲ့သူပါ။

 အလုပ်ရှင်တွေ အိပ်ပျော်နေတဲ့အချိန် နေ့တိုင်း နံနက် ၈ နာရီကနေ ည၁၁ နာရီအထိ အလုပ်လုပ်ရတယ်လို့ ဘီဘီစီနဲ့ အွန်လိုင်းက တဆင့်စကားပြောခွင့်ရတဲ့ အချိန်မှာ ပြောပြပါတယ်။

 သူ့အလုပ်က သန့်ရှင်းရေးလုပ်တာ၊ အစားအသောက်ပြင်ဆင်ပေးတာနဲ့ ကလေးတွေ ကို ပြုစုစောင့်ရှောက်ပေးရတာပါ။ စားကြွင်းစားကျန်တွေကိုပဲ စားနေရပြီး လွန်ခဲ့တဲ့ ၁၈လကတည်းက အားလပ်ရက်တရက်မှ မရသေးဘူးလို့ လည်း ပြောပါတယ်။

 "ကျွန်မအလုပ်ရှင်က အရူးလိုပဲ၊ နေ့တိုင်း အော်ငေါက်နေတယ်"လို့ ဂလေဒီစ်က ပြော ပါတယ်။

 သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်ကိုင်ထားခွင့်မရပေမယ့်၊ လက်ထဲမှာ မိုဘိုင်း ဖုန်း ရှိနေသေးတဲ့အတွက် ကံကောင်းသလိုတော့ ခံစားရတယ်လို့ သူက ဆိုပါတယ်။

 သူ့အသက်က အသက် ၄၀ ရှိနေပြီး၊ ဒီထက်ကောင်းတဲ့အလုပ်လဲရှာလို့ မရနိုင် တဲ့အတွက် ဒီအလုပ်ကထွက်မသွားချင်သေးသလို ကာတာက ဖိလစ်ပိုင်သံရုံးကိုလည်း အကူအညီသွားမတောင်းချင်ဘူးလို့ သူက ပြောပါတယ်။

 သူ့ရဲ့ တစ်လဝင်ငွေက ‌ဒေါ်လာ၄၂၆ ဒေါ်လာ အောက်သာရှိပြီး ရတဲ့ငွေတွေအားလုံးကို အိမ်ပြန်ပို့နေရပါတယ်။ သူ့ကိုယ်သူ ကံကောင်းတယ်လို့ ဂလေဒီ ယူဆနေတဲ့ နောက်တချက်က သူ့ကို ကိုယ်ထိလက်ရောက် စော်ကားတာ မခံရတာပါ။ ကာတာက အိမ်အကူ တော်တော်များများ အရိုက်ခံနေရတာ သူ သိတယ်လို့လည်းပြောပါတယ်။

နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင် အလုပ်သမားတွေကို ပံ့ပိုးကူညီနေတဲ့ အခြေခံအဖွဲ့အစည်း Migrante Internationalအဖွဲ့က Joanna Concepcionက အာသီရာ တော်ဝင်အိမ်အကူအဖြစ် အလုပ်လုပ်နေတာ မှန်မယ်လို့ သူမျှော် လင့်ကြောင်း၊ ဒါပေမဲ့ အာသီရာ ကာတာမှာ ဆက်အလုပ်လုပ်နေဆဲလား၊ ဘယ်လိုမျိုး တော်ဝင်မိသားစုမှာ သူအလုပ်လုပ်နေတာလဲ ဆိုတာ မသိဘူးလို့ပြော ပါတယ်။

 ကာတာနိုင်ငံက ထွက်သွားပြီးနောက်ပိုင်းမှာ အလုပ်သမားအချို့က မကျေမနပ် စောဒကတက်တာတွေရှိပါတယ်။ ၂၀၁၉ခုနှစ်မှာ သက်တော်စောင့်၊ ကိုယ်ပိုင်သင်တန်းဆရာနဲ့ ပုဂ္ဂလိက ကျူရှင်ဆရာ တွေလုပ်ခဲ့တဲ့ ဗြိတိန်နဲ့ အမေရိကန်အလုပ်သမား သုံးဦးက အချိန်ပို ကြေးမပေးဘဲ နာရီပေါင်းများစွာ အလုပ်ခိုင်းစေခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ကာတာဘုရင်ရဲ့ ညီမ Sheikha al Mayassa bint Hamad bin Khalifa Al Thani နဲ့ သူ့ ခင်ပွန်းတို့ကို တရားစွဲဆိုခဲ့ပါတယ်။

 အထက်ပါစွပ်စွဲချက်တွေကို အဲ့ဒီတော်ဝင် မိသားစုက ငြင်းဆိုခဲ့ပြီး၊ ဒီတရားစွဲတဲ့ စာရွက်စာတမ်းတွေက နယူးယောက်ကနေ ဆင့်ခေါ်တဲ့ အတွက် သံတမန်ရေးရာအရ ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

 နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တဲ့ အိမ်အကူအလုပ်သမားအများစုဟာ သူတို့ မိသားစု ဝင်ငွေဆက်ရဖို့ အရေးကြီးတဲ့အတွက် ဆိုးရွားတဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ ပတ်သက်ပြီး ထုတ်မပြောကြဘဲ နှုတ်ဆိတ်နေတတ်ကြတယ်လို့ Ms Concepcion က ပြောပါတယ်။

ဒါပေမဲ့ ထုတ်ပြောဖို့ ယုံကြည်မှုရှိလာတဲ့အချိန်ကျရင် တစ်ခါတစ်လေ ထုတ်ပြောတတ်ပြီး ဆိုးရွားပြင်းထန်တဲ့ အနိုင်ကျင့်ခံခဲ့ရတာကို ပြောပြကြတဲ့အကြောင်း သူက ပြောပြပါတယ်။

 ဒါပေမဲ့ အလုပ်ရှင်က သူ့ခေါင်းကို အိမ်သာ လက်ဆေးကန်ထဲနှစ်၊ဒေါသထွက်ရင်လည်း ပြင်ဆင်ပေး တဲ့ အစားအသောက်ကို မစားဘဲ ရေနဲ့ပက်တယ်လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 "အကြမ်းဖက်မှုတွေ၊ အနှောင့်ယှက်ပေးမှုတွေ ၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှု မရှိတာ ကျန်းမာရေးချို့တဲ့မှုနဲ့ သင့်လျော်တဲ့ နေရာထိုင်ခင်းတွေ မရှိတာတွေဟာ ကိုင်တွယ်ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေဖြစ်"တဲ့အကြောင်း အာရပ်နိုင်ငံများဆိုင်ရာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ဒေသဆိုင်ရာ ဒါရိုက်တာ Ruba Jaradat က ပြောထားပါတယ်။

 ၂၀၁၇ ခုနှစ်မှာ ကာတာနိုင်ငံက အိမ်အကူအလုပ်သမားတွေကို အနည်းဆုံး အခကြေးငွေပေးဖို့နဲ့ တစ်ပတ်မှာ တစ်ရက်အနားပေးဖို့ကို အာမခံတဲ့ ဥပဒေတစ် ရပ်ကို ချမှတ်ခဲ့ပါတယ်။ အလုပ်သမားဌားတဲ့ စာချုပ်တိုင်းမှာလည်း ဖျားနာခွင့်၊ အချိန်ပိုကြေး ပေးဆောင်ရမယ်ဆိုတဲ့ ကိစ္စတွေ ထည့်ပေးသင့်တယ်လို့ ပြော ထားပါတယ်။

 “စိန်ခေါ်မှု”တွေ ရှိနေသေးပေမယ့် ဒီစည်းမျဉ်းတွေကို အကောင်အထည်ဖော်ဖို့ ကာတာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ILO က ပြောပါတယ်။

သူ့အတွက် အပတ်စဉ် ပိတ်ရက်မရှိပေမယ့် တော်ဝင်မိသားစု ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေရတာ ပျော်ရွှင်တယ်လို့ အာသီရာက ဆိုပါတယ်။ သူ အိပ်ရာဝင်တဲ့အချိန်ကျရင် ဖိလစ်ပိုင်က သူ့ရဲ့မွေးချင်းတစ်ဦးဦး ဒါမှမဟုတ် မိဘတွေကို မက်ဆေ့ချ်ပို့ပြီး လှမ်းဆက်သွယ်ပါလိမ့်မယ်။

ဒါပေမဲ့ သူအလုပ်လုပ်နေတဲ့ နန်းတော်ကြီးကလည်း သူ့အိမ်မဟုတ်တဲ့အတွက် မကြာခဏသလို အိမ်လွမ်းစိတ်တွေလည်း ပေါ်လာမှာ သေချာပါတယ်။ ဒီအလုပ်က သူ့ရဲ့ အဓိက ဝင်ငွေဖြစ်နေတဲ့အတွက် စွန့်ခွာဖို့တော့ သူ စဥ်းစားလို့မရသေးပါဘူး။

 “ဒီအလုပ်မရှိရင် မိသားစုကို ဘယ်လိုမှ မထောက်ပံ့နိုင်ဘူး” လို့ သူက ဆိုပါတယ်။

 ဘီဘီစီက ကာတာတော်ဝင်မိသားစုနဲ့ လန်ဒန်က ကာတာသံရုံးကို ဆက်သွယ်မေး မြန်းထားပေမယ့် အကြောင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး။