ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းမှာနေတဲ့ ရုရှားလူမျိုးများ
ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ် စခဲ့တာ ၂ နှစ် နီးပါး ရှိလာပြီ ဖြစ်ပေမယ့် ယူကရိန်းထဲမှာ ရုရှားလူမျိုး ၁၇၀,၀၀၀ လောက် နေထိုင်နေကြဆဲ ဖြစ်တယ်ဆိုရင် အံ့သြမိမှာပါ။ ဒါက ယူကရိန်းရဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ တွေ့ရတာပါ။ အဲဒီထဲက တချို့ဆိုရင် ယူကရိန်း စစ်တပ်ထဲမှာပါဝင်ပြီး ကျူးကျော်စစ်ကို တွန်းလှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ သူတို့ အတွက် အခြေအနေတွေက အတော် ရှုပ်ထွေးနေပါတယ်။ သူတို့မှာ ယူကရိန်း နိုင်ငံကူး လက်မှတ်မရှိတာကြောင့် အခြေခံ ဝန်ဆောင်မှုတွေကို ရရှိဖို့လည်း မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီလို ရချင်တယ်ဆိုရင်လည်း ရုရှားကို ပြန်ပြီး နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ရမှာပါ။ ဘီဘီစီ သတင်းထောက် ဂျိမ်းစ် ဝါးတား ဟောက်စ်ရဲ့ သတင်းကို ကိုတင်အောင်ကျော် က ပြောပြမှာပါ။