စက်သုံးဆီ ကန့်သတ်မှုကြောင့် ကုန်ကျစရိတ်တိုး
စက်သုံးဆီ ကန့်သတ်မှုကြောင့် ကုန်ကျစရိတ်တိုး
အီရန် စစ်ပွဲကြောင့် ကမ္ဘာတစ်ဝှမ်းမှာ စက်သုံးဆီ ပြဿနာ ကြုံလာရချိန် မြန်မာမှာလည်း စက်သုံးဆီ သုံးစွဲမှု လျှော့ချနိုင်ဖို့အတွက် ဆီဝယ်ယူမှုကို ကန့်သတ်လိုက်တဲ့အတွက် အခြေခံ လူတန်းစား ဘေးတွဲယာဥ်မောင်းတွေမှာ အခက်အခဲတွေ ရှိလာပါတယ်။ တစ်ဖက်မှာလည်း အိမ်စီး မော်တော်ယာဥ်တွေကို စုံ-မခွဲပြီး သွားလာခွင့်ပြုတာက ယာဥ် အသုံးပြုသူတွေအတွက် ကုန်ကျစရိတ်ပိုများတဲ့အပြင် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒီလို အခြေ အနေမှာ စုံ-မသတ်မှတ်ချက်ကို မလိုက်နာဘဲ ယာဥ်ထိခိုက်မှုရှိလာခဲ့ရင် လျော်ကြေးမပေးဘူးလို့ အာမခံကုမ္ပဏီတွေဘက်ကလည်း ထုတ်ပြန်လာပါတယ်။ ဒီအခြေအနေတွေ အပြည့်အစုံကို မသူဇာလင်းက ပြောပြသွားမှာပါ။



