ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်
ရခိုင်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်
ရခိုင်မှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေပြီး ဒီကနေ့မှာ ပုဏ္ဏားကျွန်းမြို့ပေါ်ကို ဗုံးလေးလုံး ကြဲချခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၄ ယောက်ထက် မနည်း သေဆုံးပြီး၊ ၁၀ ယောက်ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါက ရှမ်းမြောက်မှာ ပစ်ခတ် တိုက်ခိုက်မှုတွေ မရှိတော့တာကြောင့် စစ်ကော်မရှင်က ရခိုင်ဘက်ကို ဦးတည်ပြီး တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ စစ်ရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ကိုမိုးမြင့်က ပြောပြပေးမှာပါ။