ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းမှာ စစ်မှုမထမ်းချင်လို့ရှောင်ပြေးသူ သောင်းနဲ့ချီရှိ
ယူကရိန်း စစ်ပွဲအစကတည်းက အခုထိ စစ်မှုမထမ်း မနေရ ဥပဒေကို ရှောင်ပြေးသူ နှစ်သောင်းနီးပါး ရှိပါပြီ။ နောက်ထပ် အယောက် ၂၁,၀၀၀ ဟာလဲ အလားတူပြေးဖို့ ကြိုးစားပေမယ့် ယူကရိန်း အာဏာပိုင်တွေလက်ထဲ ဖမ်းမိထားတယ်လို့ ဘီဘီစီမျက်ဝန်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိရပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ် စကတည်းက အသက်ပြည့်သူအမျိုးသားတွေ ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ တိုင်းပြည်ထဲကမထွက်ခွာဖို့ ယူကရိန်းအစိုးရက တားမြစ်ထားတာ ဖြစ်ပါတယ်။ ယူကရိန်း အရာရှိတွေကို လာဘ်ပေးပြီး စစ်မှုထမ်းဖို့ ဘယ်လိုရှောင်ပြေးခဲ့ကြသလဲ ဆိုတဲ့ ဘီဘီစီ သတင်းထောက် ဇန်နာဘန့်ဇ် ပီယာချက်ခ် ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးထားပါတယ်။