ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းက စစ်တွင်းကာလ ခရစ္စမတ်
ယူကရိန်းက စစ်တွင်းကာလ ခရစ္စမတ်
ယူကရိန်းမှာ ရုရှားက ကျူးကျော်ပြီး နောက်ပိုင်း တတိယမြောက် ခရစ္စမတ်ကာလကို ဖြတ်သန်းနေကြပါတယ်။ ယူကရိန်း အရှေ့ဖျားမှာတော့ ပူတင့်တပ်တွေက ရှေ့ကို တိုးသည်ထက်တိုးလာနေပြီး အခုဆိုရင် ပခ်ရော့စ်ဗ်ခ် မြို့ အနီး မိုင်အနည်းငယ်အကွာအထိကို ရောက်လာပြီဖြစ်ပါတယ်။ အဲဒီမြို့ဟာ စစ်ရေးအရ အချက်အခြာ ကျသလို ခရစ္စမတ်ကာရိုတေးတပုဒ် မွေးဖွားရာမြို့လည်း ဖြစ်တာကြောင့် ယဉ်ကျေးမှုတန်ဖိုးပါ ကြီးမားတဲ့ မြို့ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျွန်နသာန်ဘီးလ် ပေးပို့ထားတဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။