ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိုဘားမား ဇနီးမောင်နှံ ကာမလာ ဟဲရစ်ကို ထောက်ခံအားပေး
အိုဘားမား ဇနီးမောင်နှံ ကာမလာ ဟဲရစ်ကို ထောက်ခံအားပေး
ရှီကာဂိုမြို့မှာ ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ညီလာခံမှာ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း ကာမလာ ဟဲရစ်ကို ထောက်ခံပေးခဲ့ပါတယ်။ မစ္စတာ အိုဘားမားဟာ ဒီမိုကရက်တစ်ပါတီ ညီလာခံရဲ့ ဒုတိယနေ့မှာ ဇနီးဖြစ်သူ မီရှဲလ်အိုဘားမားနဲ့ အတူ တက်ရာက်လာခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ အိုဘားမားက အမေရိကန် ပြည်ထောင်စုအနေနဲ့ မစ္စ ဟဲရစ်သမ္မတအဖြစ် ဦးဆောင်မယ့် စာမျက်နှာသစ်အတွက် အသင့်ဖြစ်နေဖို့ လိုပြီလို့ ပြောခဲ့ပါတယ်။ ဘီဘီစီရဲ့ မြောက် အမေရိက ဆိုင်ရာ သတင်းထောက် ဂယ်ရီ အို ဒေါနယ်ဟျူးရဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။