ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပနားမား တူးမြောင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ
ပနားမား တူးမြောင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ
ဆူးအက် တူးမြောင်းဆီကို ဦးတည်ပြီးသွားလာတဲ့ ကုန်တင် သင်္ဘောတွေကို ဟူသီသူပုန်တွေက ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးမှာ အနှောင့်အယှက်တွေ ရှိပါတယ်။ ဒါကြောင့် အတ္တလန်တိတ် သမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းထဲက ပနားမား တူးမြောင်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းဖြစ်လာပါတယ်။ ပစိဖိတ်ကနေ အတ္တလန်တိတ် သမုဒ္ဒရာကို ရောက်ဖို့ ပနားမားတူးမြောင်းကို ဖြတ်သန်းရတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမှာလည်း အခက်အခဲတွေရှိနေပြီး တစ်ရက်မှာ ကုန်တင်သင်္ဘောအစင်းရေ အနည်းငယ်သာ ဖြတ်သန်းသွားနိုင်ပါတယ်။ ဘီဘီစီ သတင်းထောက် မီချဲလ် ဖလာရီရဲ့သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။