အဘူဒါဘီ ဆွေးနွေးပွဲကို 'စစ်ပွဲ အဆုံးသတ်မယ့် ခြေလှမ်း'လို့ ဇလန်းစကီးက ပြောကြား

ဗီဒီယို ပုံစာ, အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားအစိုးရကြား ၄ နာရီနီးပါး ဆွေးနွေးအပြီး ယူကရိန်း၊ ရုရှား၊ အမေရိကန် တွေ့ဖို့ ပေါ်ပေါက်လာ
အဘူဒါဘီ ဆွေးနွေးပွဲကို 'စစ်ပွဲ အဆုံးသတ်မယ့် ခြေလှမ်း'လို့ ဇလန်းစကီးက ပြောကြား

ဒီနေ့ အဘူဒါဘီမြို့မှာ အမေရိကန်၊ ယူကရိန်းနဲ့ ရုရှားက ညှိနှိုင်းရေးမှူးတွေ တွေ့ဆုံဖို့ ရှိပြီး အမေရိကန်က ဦးဆောင်မှာပါ။ တွေ့ဆုံမှု မတိုင်ခင် ဒီဆွေးနွေးပွဲဟာ 'စစ်ပွဲ အဆုံးသတ်မယ့် ခြေလှမ်း'လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ရည်ညွှန်း ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်လောက်က ရုရှားက ယူကရိန်းကို ကျူးကျော်စစ်စပြီး နောက်ပိုင်း ဒါဟာ ၃ နိုင်ငံ ပထမဆုံးတွေ့ဆုံမှု ဖြစ်ပါတယ်။ မနေ့က အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားအစိုးရကြား ၄ နာရီနီးပါး ဆွေးနွေးအပြီး ယူကရိန်း၊ ရုရှား၊ အမေရိကန် တွေ့ဖို့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီတော့ ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ရုရှားသဘောထား အမြင် ဘယ်လိုရှိပါသလဲ။ မော်စကိုအခြေစိုက် ရုရှားဆိုင်ရာ ဘီဘီစီသတင်းအယ်ဒီတာ စတိဗ်ရိုဇန်ဘာ့ဂ်ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဝေဖြိုးက ပြောပြပေးမှာပါ။