ယာယီခိုလှုံနေထိုင်ခွင့် TPS ရဲ့ သက်ရောက်မှု
ယာယီခိုလှုံနေထိုင်ခွင့် TPS ရဲ့ သက်ရောက်မှု
အမေရိကန်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီခိုလှုံ နေထိုင်ခွင့် TPS တွေကို သက်တမ်းထပ်မတိုးတော့ဖို့ နိုဝင်ဘာ ၂၄ ရက်က ဆုံးဖြတ်ခဲ့တဲ့နောက် မြန်မာကို ပေးထားတဲ့ TPS သက်တမ်းဟာ အခုလာမယ့် ဇန်နဝါရီ ၂၆ ရက်ဆို သက်တမ်းကုန် ဆုံးတော့မှာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန ICE က တရားမဝင်နေထိုင်သူတွေကို နေအိမ်တွေထဲအထိ ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေ များနေချိန်မှာ TPS ရုပ်သိမ်းခံရတဲ့ မြန်မာတွေ စိုးရိမ်မှု ကြီးထွားလာနေပါတယ်။ အပြည့်အစုံကို မသူဇာလင်းက ပြောပြပေးမှာပါ၊။



