ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ နယ်စပ်က ခမ်းနားထည်ဝါလာတဲ့ ကျားဖြန့်မြို့
မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ် လုပ်ငန်းတွေကို နှိမ်နှင်းဖို့အတွက် လျှပ်စစ်မီး ဖြတ်တောက်တာတွေ၊ ဘဏ်လုပ်ငန်း ဆိုင်ရာ တင်းကြပ်တဲ့ စည်းမျဉ်းတွေ အပြင်၊ ဗီဇာ ထုတ်ပေးမှုတွေကိုလည်း တင်းကျပ် သွားမယ် ဆိုပြီး ထိုင်း အာဏာပိုင်တွေက ပြောကြားလာပါတယ်။ အွန်လိုင်း ငွေလိမ် လုပ်ငန်းတွေကနေ တရုတ် ရာဇဝတ် ဂိုဏ်းတွေဟာ နှစ်စဉ် ဒေါ်လာ သန်းနဲ့ချီပြီး အကျိုးအမြတ် ရရှိနေတယ်လို့ ယုံကြရသလို၊ ထောင်နဲ့ချီတဲ့ လူတွေကိုလည်း ငွေလိမ်လုပ်ငန်းတွေမှာ ဖိအားပေး အဓမ္မ စေခိုင်းမှုတွေ ရှိနေတာဖြစ်ပါတယ်။ မြန်မာနယ်စပ်မှာ ကြီးမားတဲ့ အဆောက်အအုံတွေနဲ့ ပေါ်ပေါက်လာပြီး ရွှေကုက္ကို မြို့သစ်မှာ ဆိုရင် ကာစီနိုရုံတွေ၊ ဇိမ်ခံ ဟိုတယ် ကြီးတွေနဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေက ဒေါ်လာ ၁၅ ဘီလျံလောက် တန်ကြေးရှိပါတယ်။ မကြာသေးခင် အချိန်အထိ အဲဒီနေရာတွေကို သတင်းထောက်တွေ ဝင်ရောက်ခွင့်လည်း မရှိပါဘူး။ ဘီဘီစီ အရှေ့တောင်အာရှ ဆိုင်ရာ သတင်းထောက် ဂျိုနသန် ဟဒ်ဟာ အဲဒီနေရာကို အကန့်အသတ်နဲ့ ဝင်ရောက် သတင်းရယူခွင့် ရခဲ့ပါတယ်။ ဒီအကြောင်း ကိုဇေယျာက ပြောပြပေးထားပါတယ်။