ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်သမ္မတ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံး
အီရန်သမ္မတ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံး
အီရန်သမ္မတ အီဗရာဟင် ရိုင်အီဆီဟာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်း အီရန်က ကြေညာပါတယ်။ တနင်္ဂနွေနေ့က ပျက်ကျခဲ့တာ ဖြစ်ပြီး သူနဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီယာ အဗ္ဗဒိုလ်လာဟိန် တို့အပါအဝင် လူတချို့ သေဆုံးခဲ့ရပါတယ်။ သူတို့ ရဟတ်ယာဉ်ဟာ တောင်ထူထပ်ပြီး ဝေလံခေါင်သီတဲ့ ဒေသထဲမှာ ပျက်ကျခဲ့တာ ဖြစ်ပြီး မြူတွေထူထပ်နေတာကြောင့် ရှာဖွယ်ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း နှောင့်နှေးခဲ့ရပါတယ်။ ဂရေဟမ် ဆာ့တ်ချဲလ်ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။