၂၀၂၃ ခုနှစ်မှာ ပထမဆုံးမျက်လုံးအစားထိုးကုသမှုနဲ့ ဒုတိယငှက်ဖျားကာကွယ်ဆေးထွက်ပေါ်

ငှက်ဖျားဆေးထိုးဖို့ အသင့်ပြင်နေတဲ့ အမျိုးသမီးတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, အောက်စဖို့ တက္ကသိုလ်

၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးနယ်ပယ်မှာတော့ ဆန်းသစ်တဲ့သုတေသနတွေရှိခဲ့ပါတယ်။ နှစ်တစ်နှစ် ကုန်ဆုံးချိန်လည်းရောက်လာပြီဆိုတော့ သိသာထူးခြားတဲ့တိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း ပြန်ပြောင်း ကြည့်ကြရအောင်ပါ။

ဒုတိယမြောက် ငှက်ဖျားဆေး

ရာစုနှစ်တစ်ခုကျော်ကြာအောင် သိပ္ပံနည်းကျလေ့လာအားထုတ်မှုတွေလုပ်ပြီးတဲ့နောက်မှာတော့ ကမ္ဘာမှာ အခုနောက်ဆုံးမှာတော့ ငှက်ဖျားတိုက်ဖျက်ရေးအတွက် စျေးသက်သက်သာသာနဲ့ရနိုင်မယ် ဆေးကို ရရှိပြီဖြစ်ပါတယ်။

အဲဒီထိုးဆေးကို အောက်စဖို့တက္ကသိုလ်ကနေ ဖော်ခဲ့တာဖြစ်ပြီး ဒါဟာ ဒုတိယမြောက် ငှက်ဖျားထိုးဆေးဖြစ်လာပါတယ်။

ဓာတုနဲ့ဆေးဝါးကုမ္ပဏီ GlaxoSmithKline(GSK)က ဖော်တဲ့ RTS,S လို့ခေါ်တဲ့ ပထမဆုံးငှက်ဖျားဆေးပေါ်ပြီး ၂ နှစ်အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ အဲဒီဆေးနှစ်မျိုးစလုံးရဲ့အာနိသင်ဟာ ‘’အတော်ကိုတူညီ’’ပြီး ဆေးတစ်မျိုးက နောက်တစ်မျိုးထက် အာနိသင်ပိုကောင်းတယ်ဆိုတာမျိုးလည်း မတွေ့ရှိထားဘူးလို့ပြောပါတယ်။

ဒါပေမဲ့ အဓိကကွာခြားချက်ကတော့ အောက်စဖို့တက္ကသိုလ်က ထုတ်လုပ်တဲ့ဆေးဝါး R21 ကတော့ ပမာဏများများ ထုတ်လုပ်နိုင်မှုဖြစ်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံးထိုးဆေးထုတ်ကုမ္ပဏီ(Serum Institute of India)လည်း တစ်နှစ်ကို ထိုးဆေး သန်း ၁၀၀ ကျော်အထိ ထုတ်ဖို့ တန်းစီနေပြီဖြစ်သလို တနှစ်ကို သန်း ၂၀၀ အထိတိုးထုတ်သွားဖို့လည်း စီစဥ်နေပါတယ်။

ပထမဆုံး ငှက်ဖျားထိုးဆေး RTS,S ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ထောက်ခံမှုပေးခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပထမဆုံး ငှက်ဖျားထိုးဆေး RTS,S ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ထောက်ခံမှုပေးခဲ့ပါတယ်

အခုတော့ RTS,S ဆေး ၁၈ သန်းသာရှိနေပါသေးတယ်။

WHO ကတော့ R21 ထိုးဆေးသစ်ဟာ ‘’အရေးပါတဲ့ထပ်ဆောင်းဆေး’’ဖြစ်လာမယ်လို့ပြောပါတယ်။ ဆေးတစ်ခါထိုး ကုန်ကျငွေဟာ မေရိကန်ဒေါ်လာ ၂ ဒေါ်လာနဲ့ ၄ ဒေါ်လာကြားရှိမှာဖြစ်ပြီး လူတစ်ဦးကို ဆေး ၄ ကြိမ်ထိုးဖို့လိုမှာဖြစ်ပါတယ်။ ဒါဟာ RTS,S ဆေးအတွက်ကုန်ကျငွေရဲ့ တစ်ဝက်ပဲရှိပါတယ်။

အဲဒီဆေး နှစ်မျိုးစလုံးဟာ နည်းပညာတူညီပြီး ငှက်ဖျားရောဂါပိုးရဲ့သက်တမ်းအဆင့်အတူတိုကိုပဲ ပစ်မှတ်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယဆေးသစ်ဟာ ထိုးဆေးပမာဏပိုပြီးတော့သာနည်းပါးတာကြောင့် ထုတ်လုပ်ဖို့ ပိုပြီး လွယ်သူသလို ကိုယ်ခံစွမ်းအားထဲမှာ အလုပ်လုပ်နိုင်အောင် ထိုးဆေးထဲကိုထည့်တဲ့ ခုခံအားတုန့်ပြန်မှုကိုမြှင့်တင်ပေးသည့်ပစ္စည်း ဓာတုပစ္စည်း(adjuvant) ရိုးရိုးရှင်းရှင်းအမျိုးအစားကိုပဲ အသုံးပြုထားပါတယ်။

ခြင်ကနေတဆင့်ဖြစ်ပွားတဲ့ရောဂါတွေထဲမှာ ငှက်ဖျားဟာ ကူးစက်ခံရမှု ၉၅ ရာခိုင်နှုန်းအထိသေဆုံးနိုင်ပြီး အာဖရိကမှာ အတွေ့များပါတယ်။

၂၀၂၁ ခုနှစ်တုန်းက‌တော့ ငှက်ဖျားရောဂါကူးစက်မှု ၂၄၇ သန်းအထိရှိခဲ့ပြီး လူပေါင်ငး ၆၁၉,၀၀၀ သေဆုံးခဲ့ကာ အဲဒီထဲကအများစုဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေဖြစ်ပါတယ်။

ပထမဆုံး မျက်လုံးအစားထိုးကုသမှု

အမေရိကန်ပြည်ထောင်စုက မဟာဓာတ်အားလိုင်းလျှပ်စစ်ဝန်ထမ်း အာရွန် ဂျိမ်းစ်ဟာ ၂၀၂၁ ခုနှစ်မှာ လျှပ်စစ်စီးနေတဲ့ဗို့အား ၇,၂၀၀ ရှိတဲ့လျှပ်စစ်ဝါယာကြိုးကို မတော်တဆ ထိမိပြီးတဲ့နောက်မှာ မျက်နှာပြင် တစ်ခုလုံးနီးပါး ပျက်စီခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ မေလမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုပရော်ဖက်ရှင်နယ် အယောက် ၁၄၀ ပါဝင်ကုသတဲ့ ရှားတောင့်ရှားပါး မျက်လုံးအစားထိုးကုသမှုအပါအဝင် မျက်နှာတစ်စိတ်တစ်ပိုင်းကို အစားထိုးကုသမှုကို သူပြုလုပ်ခဲ့ပါတယ်။

အာရွန် ဂျိမ်းစ်(ဘယ်) ခွဲစိတ်ကုသမှုခံယူပြီးပေမဲ့ အမြင်အာရုံပြန်ရ မရဆိုတာ မသေချာသေးပါဘူး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အာရွန် ဂျိမ်းစ်(ဘယ်) ခွဲစိတ်ကုသမှုခံယူပြီးပေမဲ့ အမြင်အာရုံပြန်ရ မရဆိုတာ မသေချာသေးပါဘူး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နယူးယောက်က NYU Langone ကျန်းမာရေးဌာနက ခွဲစိတ်ဆရာဝန်တွေဟာ ရှုပ်ထွေးလှတဲ့အခုကုသမှုကို ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလမှာတော့ နောက်ဆုံးအခြေအနေကို ထုတ်ပြောလာပါတယ်။

အသက် ၄၆ နှစ်အရွယ် မစ္စတာဂျိမ်းစ်ဟာ အခုလိုအစားကိုးကုသမှု နှစ်ခုစလုံးကနေ ကောင်းကောင်းမွန်မွန်ပြန်လည် သက်သာလာပြီး အလှူခံရာကနေ အစားထိုးကုသမှုခံယူထားတဲ့မျက်လုံးဟာလည်း အခြေအ‌ကောင်းတယ်လို့ဆိုပါတယ်။ သူ့ရဲ့ ညာဘက်မျက်လုံးကတော့ အကောင်းပကတိဖြစ်နေဆဲပါ။

ဆရာဝန်တွေကတော့ ဂျိမ်းစ်ရဲ့ ခွဲစိတ်ကုသမှုဟာ လူ့မျက်လုံးဟာ ဘယ်လိုပုံစံနဲ့ အနာကျက်မှုဖြစ်စေတယ်ဆိုတာကို သိရှိနိုင်တဲ့ မမျှော်လင့်နိုင်စရာပြတင်းပေါက်တစ်ချပ် ပွင့်သွားသလို သိရှိစေခဲ့တယ်လို့ ပြောပါတယ်။

ဦးနှောက်ဆီကို ပုံရိပ်တွေပို့ပေးတဲ့မျက်စေ့ရဲ့အပိုင်းဖြစ်တဲ့ မျက်ကြည်လွှာထဲကို တိုက်ရိုက်သွေးစီးဆင်းမှုရှိနေတယ်လို့လည်း သူတို့ကပြောပါတယ်။

မစ္စတာဂျိမ်းစ်ဟာ သူ့မျက်လုံးအသစ်နဲ့ စက္ခုအလင်းပြန်ရမလားဆိုတာ မသေချာပေမဲ့ ဆရာဝန်တွေကတော့ ပြန်မမြင်နိုင်တော့ဘူးဆိုတာမျိုး ယတိပြတ် မပြောထားသေးပါဘူး။

လှူဒါန်းထားတဲ့ မျက်လုံးနဲ့ မျက်နှာကတော့ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦးတည်းက လှူဒါန်းတာြဖစ်ပါတယ်။ ခွဲစိတ်ကုသမှုအတွင်း ဆရာဝန်တွေဟာ ပြန်လည်ပြန်စွမ်းရေး အားဖြစ်အောင် အလှူရှင်ရဲ့ ‌ကျောရိုးချဥ်ဆီကနေရတဲ့ အရွယ်ရောက်ပြီးသား ပင်မဆဲလ်တွေကို အမြင်အာရုံကြောထဲကို ထိုးသွင်းခဲ့ပါတယ်။

မတော်တဆမှုဖြစ်ပြီးတဲ့အခါ မစ္စတာ ဂျိမ်းစ်ဟာ နာကျင်နေတာကြောင့် ဘယ်ဘက် မျက်လုံးကို ဖယ်ရှားခဲ့ရပြီး လက်အတုပြုလုပ်တာအပါအဝင် ခွဲစိတ်ကုသမှုအတော်များများကို ပြုလုပ်ခဲ့ရပါတယ်။

သူဟာ အမေရိကန်ပြည်ထောင်စုမှာ မျက်နှာအစားထိုးကုသမှုလုပ်ခဲ့တဲ့ ၁၉ ယောက်မြောက် လူနာဖြစ်လာပါတယ်။

နှလုံးကျန်းမာရေးကို အေအိုင်နဲ့ ဆန်းစစ်မယ်

အရက်သောက်သုံးမှု၊ ဆေးလိပ်သောက်မှု၊ အစားအသောက်မညီမျှမှုနဲ့ လေ့ကျင့်ခန်းမလုပ်တာတွေကြောင့် အရွယ်မတိုင်ခင်မှာ လူတစ်ဦးရဲ့နှလုံးအခြေအနေ ဘယ်လောက်အထိ အိုမင်းနေပြီလဲဆိုတာကို ပြသနိုင်မယ့် ဉာဏ်ရည်တုနည်းပညာ(AI) သုံး စနစ်တစ်ခုထွက်ပေါ်လာပါတယ်။

ရည်ရွယ်ချက်ကတော့ နှလုံးရဲ့သက်တမ်းကြီးရင့်လာတာကို နောက်ကြောင်းပြန်လှည့်နိုင်ဖို့ဖြစ်ပြီး လေဖြတ်တာနဲ့ နှလုံးရောဂါလို အခြေအနေနဲ့ဆက်စပ်တဲ့‌ရောဂါဖြစ်ပွားနိုင်ခြေတွေကို လျှော့ချဖို့ဖြစ်ပါတယ်။

လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါးလုပ်ပြီးတဲ့နောက်မှာတော့ ပထမဆုံးအဆင့်က MRI ဓာတ်မှန်ရိုက်တာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC News

ဓာတ်ပုံ ပုံစာ, လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါးလုပ်ပြီးတဲ့နောက်မှာတော့ ပထမဆုံးအဆင့်က MRI ဓာတ်မှန်ရိုက်တာဖြစ်ပါတယ်

အဲဒီစနစ်ကို လန်ဒန် ဆေးဘက်ဆိုင်ရာသိပ္ပံအင်စတီကျူ့ (LMS) က ဆေးဘက်ဆိုင်ရာသုတေသနကောင်စီ (MRC) ရဲ့ ပါမောက္ခ ဒီကလန် အို ရီဂန်က ဦးဆောင်တဲ့အဖွဲ့က တီထွင်ခဲ့တာဖြစ်ပါတယ်။

‘‘ကျွန်တော်တို့ လူတစ်ယောက်ရဲ့ မျက်နှာကို ကြည့်လိုက်တဲ့အခါ အသက်အရွယ်အလိုက် အဲဒီလူငယ်နေလား အသက်ကြီးနေလား ဆိုတာမျိုး မြန်မြန်ကောက်ချက်ချ မှတ်ချက်ပေးတတ်ကြတယ်။ ကျွန်တော်တို့ ကိုယ်တွင်း အင်္ဂါတွေလည်း တူတူပါပဲ’’ လို့ ပါမောက္ခ အိုရီဂန်ကပြောပါတယ်။

စကန်ဖတ်တာ၊ နှလုံးရဲ့လျှပ်စီးမှုကို တိုင်းတာတဲ့ (ECG) ဆွဲတာနဲ့ သွေးပေါင်တို့လို နှလုံးကျန်းမာရေးကို တိုင်းတာနဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီတိုင်းတာမှုတွေဟာ လအလိုက်နဲ့ နေ့အလိုက် နှလုံးကျန်းမာတွေအခြေအနေတွေ ယခင်နဲ့ယခု မတူတဲ့တဒင်္ဂအခြေအနေသာ ပြသတာဖြစ်ပါတယ်။

ဉာဏ်ရည်တု (AI) ကတော့ ဘဝတသက်တာမှာ နှလုံးမှာဖြစ်ပွားတဲ့ အနိမ့်အမြင့်အတက်အကျအခြေအတွေကို ပြပေးနိုင်တယ်လို့ ပါမောက္ခ အိုရီဂန်က ပြောပါတယ်။

အဲဒီလိုသိမှတ်တဲ့လုပ်ငန်းစဥ်မှာ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် နှလုံးကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း(MRI) လုပ်တာလည်းပါဝင်ပါတယ်။

ဘာကြောင့်လဲဆိုရင် အရွယ်မတိုင်ခင်နှလုံးအိုမင်းခြင်း အစောပိုင်းလက္ခဏာတွေကို ဝေဖန်ပိုင်းခြားဖို့ ခက်ခဲတာကြောင့် နှလုံးကုပညာရှင်တွေတောင် အဲဒီအခြေအနေကို ‌ထောက်လှမ်းဖို့ ခက်ခဲပါတယ်။

ဒါပေမဲ့ AI နည်းစနစ်ကတော့ ဒါကို ပြုလုပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် နှလုံးကျန်းမာရေးအခြေအနေအမျိုးမျိုးရှိတဲ့ လူပေါင်း လေးသောင်းရဲ့ ဓာတ်ပုံတွေနဲ့ သူတို့ရဲ့ ကျန်းမာရေးရလဒ်တွေကို ထည့်သွင်းထားတာကြောင့်ဖြစ်ပါတယ်။

AI နည်းစနစ်ဟာ MRI ဓာတ်မှန်ရဲ့ သုံးဘက်မြင်ပုံရိပ်လှုပ်ရှားမှု အသေးစိတ် ရာချီကို စိစစ်ပြီး ကျန်းမာတဲ့လူနေမှုပုံစံတွေရှိတဲ့လူပေါင်း ၅,၀၀၀ရဲ့ နှလုံးသက်တမ်းပြောင်းလဲမှုအခြေအနေနဲ့နှိုင်းယှဥ်ပါတယ်။

‘‘အရွယ်မတိုင်ခင်မှာ နှလုံးအိုမင်းတာဟာ မျိုးရိုးကြောင်းလား ဒါမှမဟုတ် အိုမင်းတဲ့နှလုံးဖြစ်လာဖို့ မွေးရာပါဖြစ်လာတာလားဆိုတာနဲ့ လူနေမှုပုံစံနဲ့ သက်ဆိုင်လားဆိုတာကို ကျွန်တော်တို့ မသိပါဘူး’’ လို့ ပါမောက္ခ အိုရီဂန်က ပြောပါတယ်။

‘‘မျိုးဗီဇပညာဟာ အိုမင်းမှုကို နောက်ကြောင်းပြန်လှည့်အောင် ဒါမှမဟုတ် နှေးကွေးသွားအောင် ကျွန်တော်တို့ကို အကူအညီပေးနိုင်ပြီး ကုထုံးအသစ်တွေကို ပြုလုပ်နိုင်အောင်၊ ပျက်စီးယိုယွင်းမှုအတိုင်းအဆကို သိနိုင်အောင် အကူအညီပေးနိုင်ပါတယ်။

သရီးဒီ မိတ္တူပွား ဒူးအတု

သိပ္ပံပညာရှင်တွေဟာ ဒူးမှာ အရိုးအဆစ်ယောင်ယမ်းနာခံစားနေရတဲ့လူနာတွေကို အကူအညီပေးဖို့ သရီးဒီမိတ္တူပွား ဒူးအတုကို ဖန်တီးလိုက်ပါတယ်။

အရိုးတစ်‌ချောင်းကို ဖြတ်တဲ့ ဒါမှမဟုတ် ပြန်တည့်တဲ့ အထူးပြုလုပ်ထားတဲ့ ဒီအရိုးအဆစ်ပြုပြင်ခွဲစိတ်ပညာဟာ လူတစ်ယောက် ဒူးအဆစ်အပိုင်း တာရှည်ခံနိုင်အောင် ပုံစံထုတ်ထားတာဖြစ်ပါတယ်။

ဘာ့သ်တက္ကသိုလ် သိပ္ပံပညာရှင်တွေက တီထွင်တဲ့ ဒီနည်းပညာဟာ ခွဲစိတ်မှုတွေ ပိုမိုမြန်ဆန်ပြီး ဘေးကင်းစေဖို့ ဖြစ်ပါတယ်။

အစားထိုးပစ္စည်းဟာ ရှိရင်းစွဲအဆစ်အဖြစ်ဆက်ရှိပြီး ဒူးအစားထိုးမှုလိုအပ်တဲ့အဆင့်မရောက်ခင် အဆစ်အမြစ်ယောင်ရမ်းချိန်မှာ အသုံးပြုနိုင်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, University of Bath

ဓာတ်ပုံ ပုံစာ, အစားထိုးပစ္စည်းဟာ ရှိရင်းစွဲအဆစ်အဖြစ်ဆက်ရှိပြီး ဒူးအစားထိုးမှုလိုအပ်တဲ့အဆင့်မရောက်ခင် အဆစ်အမြစ်ယောင်ရမ်းချိန်မှာ အသုံးပြုနိုင်ပါတယ်

လူနာရဲ့ဒူးခေါင်းကို ပြန်တည့်ဖို့၊ ဒူးတွေပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့သက်တောင့်သက်သာရှိရှိဖို့၊ ရှိရင်းစွဲအရိုးတည့်ပြားတွေထက် အလေးချိန်ပေါ့ပေါ့ပါးဖြစ်စေဖို့ ဒီသရီးဒီနည်းပညာမြင့်အရိုးဆက်ပြားတွေကို အသုံးပြုတာဖြစ်ပါတယ်။

လူနာတစ်ဦးအတွက် အပြားဘယ်လောက်လိုအပ်လဲဆိုတာသိနိုင်အောင် ဆရာဝန်တွေဟာ လူနာရဲ့ညို့သကျည်းအရိုးကို အိတ်စ်ရေးနဲ့ စီတီ စကန် ဖတ်ပါတယ်။

အဲဒီနောက်မှာတော့ ခွဲစိတ်ရာမှာ လွယ်ကူစေဖို့ ညှိပေး ထိန်းပေးနိုင်တဲ့ အပြားကို သရီးဒီ မိတ္တူကူးစက်အသုံးပြုပြီး ထုတ်ပါတယ်။

အဲဒီနောက်မှာတော့ လူ့ခြေထောက်အဖြစ်ရှိနေတဲ့အရိုးနှစ်ချောင်းထဲက တစ်ချောင်းဖြစ်တဲ့ လူနာရဲ့ညို့သကျည်းရိုးနဲ့ ပင်တွေကို သုံးပြီး ယာယီ ချိတ်ကပ်လိုက်ပါတယ်။

အဲဒီပင်တွေကို နောက်ပိုင်းမှာ ပြန်ချွတ်ပြီး ဝက်အူ နှစ်ချောင်းကို ထည့်လိုက်တာကြောင့် အရိုးအတွက် တည့်မတ်မှုအပိုင်းမှာ မှန်ကန်သွားအောင် ဖန်တီးပေးပါတယ်။

အဲဒီနောက်မှာတော့ တည်ငြိမ်အောင်လုပ်မယ့် အပြားတွေကို ထိပ်မှာတင်လိုက်တာကြောင့် ဆေးဘက်ဆိုင်ရာအရ ပိုပြီး တည်ငြိမ်အောင် ဒစ်ဂျစ်တယ်နည်းပညာနဲ့ဖန်တီးမှုအဖြစ် ဖြစ်သွားပါတယ်။

လူနာ ၅ ဦးကို ကနဦးဘေးကင်းမှု စမ်းသပ်ပြီးနောက် ဒီနည်းပညာနဲ့ အစဥ်အလာအတိုင်းအသုံးပြုခဲ့တဲ့ ဒူးပြန်လည်အစားထိုးမှု နှစ်ခုကို ချိန်ဆက်ဖို့ အင်္ဂလန်နဲ့ဝေလနယ်က နောက်ထပ်လူနာ အယောက် ၅၀ ကိုလည်း ပါဝင်ဖို့ စုဆောင်းထားပါတယ်။

ဦးနှောက်ထဲမှာတွေ့ရတဲ့ သံကောင်အရှင်

ကမ္ဘာမှာပထမဆုံးအနေနဲ့ သိပ္ပံပညာရှင်တွေဟာ ၈ စင်တီမီတာ(၃ လက်မ)နီးပါးရှည်တဲ့ သံကောင်အရှင်တစ်ကောင်ကို သြစတြေးလျအမျိုးသမီးတစ်ဦးရဲ့ဦးနှောက်ထဲကနေ ဖယ်ရှားနိုင်ခဲ့ပါတယ်။

ကန်ဘာရာမှာ ပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုတစ်ခုအတွင်း ချည်ကြိုးပုံစံအဲဒီသံကောင်ကို လူနာရဲ့ ပျက်စီးနေတဲ့ ဦးနှောက်အရှေ့ခြမ်းကနေ ထုတ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်ရောက်မှ အဲဒီခွဲစိတ်မှု အကြောင်းကို ထုတ်ပြန်တာဖြစ်ပါတယ်။

ဆရာဝန်တွေကတော့ သံကောင်အရှင်ဖြစ်နေတာကိုတွေ့ခဲ့ရလို့ အံ့အားသင့်ခဲ့ကြရပါတယ်

ဓာတ်ပုံ ရင်းမြစ်, သြစတြေးလျအမျိုးသားတက္ကသိုလ်

ဓာတ်ပုံ ပုံစာ, ဆရာဝန်တွေကတော့ သံကောင်အရှင်ဖြစ်နေတာကိုတွေ့ခဲ့ရလို့ အံ့အားသင့်ခဲ့ကြရပါတယ်

‘‘ကျွန်မတို့ မျှော်လင့်ထားတဲ့အတိုင်း လုံးဝမဟုတ်ခဲ့ဘူး။ အားလုံးက အထိတ်တလန်ဖြစ်ကုန်တယ်’’ လို့ ခွဲစိတ်ဆရာဝန် ဒေါက်တာ ဟာရီ ပရီယာ ဘန်ဒီက ပြောပါတယ်။

အသက် ၆၄ နှစ်အရွယ် အဲဒီအမျိုးသမီးလူနာဟာ ဝမ်းဗိုက်နာကျင်တာ၊ ချောင်းဆိုးတာနဲ့ ညဘက် ချွေးထွက်လွန်ရာကနေ နောက်ပိုင်းမှာ မေ့လွယ်တာနဲ့ စိတ်ကျတာတွေကို လနဲ့ချီခံစားခဲ့ရတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ သူ့ကို ဆေးရုံတင်ခဲ့ပြီး နောက်ပိုင်းမှာ ဓာတ်မှန်အရ ‘’ဦးနှောက်အရှေ့ခြမ်းရဲ့ ညာဘက်အတွင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ဒဏ်ရာတစ်ခုရှိနေတယ်’’ ဆိုတာကို ပြသခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ ဒေါက်တာဘရန်ဒီက ခွဲစိတ်မှုပြုလုပ်တော့မှ သူမအခုလိုဖြစ်ရတဲ့အကြောင်းရင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

အနီနောင် အဲဒီသံကောင်ဟာ သူမရဲ့ ဦးနှောက်ထဲမှာရောက်နေတာ ၂ လလောက်ရှိနေပြီလို ဆရာဝန်တွေက ပြောပါတယ်။

သူမရဲ့အခုဖြစ်ရပ်ဟာ သားလောင်းတစ်ကောင် လူ့ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ဦးနှောက်ထဲမှာ ကြီးထွားလာမှု ပထမဆုံးဖြစ်စဥ်လို့ ယူဆရတယ်ဆိုပြီး အဲဒီဖြစ်ရပ်အကြောင်းကို ဖော်ပြတဲ့ ထွန်းသစ်လာနေတဲ့ကူးစက်ရောဂါများဂျာနယ်မှာ သုတေသီတွေက ဖော်ပြပါတယ်။

သုတေသီတွေကတော့ ‌ရောဂါနဲ့ ကူးစက်မှုတွေဟာ တိရိစ္ဆာန်တွေဆီကနေ လူတွေဆီ ကူးစက်နိုင်မှု အန္တရာယ် တိုးမြင့်လာတာကို မီးမောင်းထိုးပြနေတယ်လို့ အခုဖြစ်ရပ်ကို ထောက်ပြပြီး ပြောဆိုထားပါတယ်။