ဖားကန့် လုပ်ကွက်တွေမှာ ယန္တရားတွေ ဖျက်ဆီးခံရ

ဖားကန့် လုပ်ကွက်တွေမှာ ယန္တရားတွေ ဖျက်ဆီးခံရ

ဖားကန့်မှာ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ပြီး နှစ်ပတ်အတွင်း ကျောက်မျက်လုပ်ကွက်တချို့မှာ ရှိတဲ့ ကုမ္ပဏီ ၁၀ ခုလောက်က ကျောက်တူးရာမှာသုံးတဲ့ ယာဉ်နဲ့ ဘတ်ဖိုးလို ယန္တရားကြီးတွေ ဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးခံထားရပါတယ်။ စစ်ကောင်စီတပ်ရော ကချင်လွတ်လပ်ရေးတပ် KIA အတွက်ပါ အဓိက ဝင်ငွေရလမ်းဖြစ်နေတဲ့ဖားကန့်မှာ ကျောက်မျက်ကုမ္ပဏီပိုင်ယာဉ်တွေ မီးရှို့ဖျက်ဆီးခံရတာ ဘာကြောင့်ပါလဲ။ ခုဖျက်ဆီးခံရတဲ့ကုမ္ပဏီတွေက ဘယ်ကုမ္ပဏီတွေလဲ။ ဘယ်သူတွေထိန်းချုပ်ထားတာပါလဲ။ အပြည့်အစုံကို ကိုဇေယျာထွန်းကပြောပြပါမယ်။