ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုဟင်ဂျာရွာတွေမှာ စစ်ကောင်စီ စစ်သားစုဆောင်း
ရိုဟင်ဂျာရွာတွေမှာ စစ်ကောင်စီ စစ်သားစုဆောင်း
စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်ရွာတွေက အင်အား ၅၀၀ တောင်းခံထား
ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေကို စစ်ကောင်စီက စစ်သား အင်အားစုဆောင်းတာတွေ ဆက်တိုက် လုပ်နေပါတယ်။ အခုတကြိမ်မှာတော့ စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်ရွာတွေက အင်အား ၅၀၀ တောင်းခံထားတာကြောင့် ဒီအခြေအနေကိုရှောင်နိုင်ဖို့ မွတ်ဆလင် လူငယ်လူလတ်ပိုင်းတွေ လူကုန်ကူးသူတွေဆီကနေတဆင့် ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးတာ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ကိုဘိုဘိုက ပြောပြပေးမှာပါ။