အီရန်စစ်ပွဲကြောင့် မြန်မာစစ်တပ် လေယာဉ်ဆီ အခက်ကြုံနိုင်လား
အီရန်စစ်ပွဲကြောင့် မြန်မာစစ်တပ် လေယာဉ်ဆီ အခက်ကြုံနိုင်လား
အီရန်စစ်ပွဲကြောင့် လောင်စာဆီ အခက်အခဲ မဖြစ်ခင် ဒီဇင်ဘာကနေ ဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်က အီရန်ကနေ လေယာဥ်ဆီ ၃ ကြိမ် တင်သွင်းထားတယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခ ဆက်ကြာနေဦးမယ်ဆိုရင် အီရန်က လေယာဥ်ဆီတွေကို အားထားရတဲ့ မြန်မာစစ်တပ်မှာ စစ်လေယာဥ်တွေအတွက် လောင်စာဆီအခက်အခဲ ရှိလာနိုင်သလား။ လေယာဥ်ဆီကို တခြား ဘယ်လိုနည်းလမ်းတွေနဲ့ ရနိုင်မလဲ။ ပုဂ္ဂလိကလေကြောင်းတွေရဲ့ အခြေအနေရော ဘယ်လိုရှိနေပါသလဲ။ ဒီအကြောင်း ကိုကျော်ဇေယျ ပြောပြမှာပါ။



