ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှား ရွေးကောက်ပွဲမှာ ဗလာဒီမီယာ ပူတင် ထပ်အနိုင်ရ
ရုရှား ရွေးကောက်ပွဲမှာ ဗလာဒီမီယာ ပူတင် ထပ်အနိုင်ရ
ရုရှား သမ္မတရွေးကောက်ပွဲမှာ ဗလာဒီမီယာ ပူတင်ဟာ လောက်လောက်လားလား ပြိုင်ဘက်မရှိဘဲ သူ တယောက်ပဲ အရွေးခံနိုင်ခဲ့တာကြောင့် မဲ စုစုပေါင်းရဲ့ ၈၇ ရာခိုင်နှုန်း ရခဲ့ကာ အခုဆို ၅ ကြိမ်မြောက် သမ္မတသက်တမ်းကို ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ ရုရှားမှာ ပြောင်းလဲမှုတွေ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။ မော်စကိုမြို့ကနေ ဘီဘီစီသတင်းထောက် စတိဗ် ရိုဆင်ဘတ်ဂ် ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။