ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နာဆာဆေးရုံ ဝန်ထမ်းတွေကို အစ္စရေးတပ်တွေ ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ အထောက်အထားတွေ့
ပြီးခဲ့တဲ့လအတွင်းက ဂါဇာထဲက နာဆာဆေးရုံကို အစ္စရေးတပ်တွေက ဝင်ရောက်စီးနင်းစဉ်အတွင်း ဆေးရုံထဲက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တခြား ဆေးရုံဝန်ထမ်းတွေကို ဖမ်းဆီး ရိုက်နှက်တာမျိုးတွေနဲ့ အရေးကြီးတဲ့ ကုသမှုတွေမပေးနိုင်အောင် ဟန့်တားတာမျိုးတွေ လုပ်ခဲ့တဲ့ အထောက်အထားတွေကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။ တချို့ ဖမ်းဆီးခံရသူတွေကို ဆိုရင် နာရီအတော်ကြာ အဝတ်တွေ ချွတ်ပြီး နေခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။ အစ္စရေးကတော့ နာဆာကို ဟားမတ်စ်က အသုံးပြုနေတယ်လို့ ဆိုပြီး အဲဒီမှာဖမ်းဆီးခံထားရတဲ့ အစ္စရေး ဓားစာခံ တချို့ကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဝိုင်ယာ ဒေးဗစ္စရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။ အခုသတင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပါနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။