NCA နှစ်ပတ်လည်ကာလမှာ ကေအိုင်အေနဲ့ တိုက်ပွဲတွေ အရှိန်မြင့်လာနေ

လိုင်ဇာမြို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လိုင်ဇာမြို့

စစ်ကောင်စီက တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၈ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက် နေ့ နေပြည်တော်မှာ ကျင်းပနေပေမယ့် ကချင်လွတ်လပ်ရေးတပ်နဲ့ တိုက်ပွဲတွေ အခုရက်ပိုင်း အရှိန်မြင့်လာနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ညက ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ/ကေအိုင်အို) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုအပြီး ကေအိုင်အေနဲ့ တိုက်ပွဲတွေ အရှိန်မြင့်လာနေတာဖြစ်တယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။

မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှာ ကြီးမားပြင်းထန်တဲ့ စစ်လက်နက်ပစ္စည်းတစ်ခု ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၂၉ ဦးအထိ သေဆုံးခဲ့ရပါတယ်။

ကချင်ပြည်နယ်ထဲက နာမည်ကျော် ကျောက်စိမ်းထွက်ရာဒေသ ဖားကန့်ကို သွားတဲ့ လမ်းကြောပေါ်က ကာမိုင်းမြို့နဲ့ နန့်ယားရွာ ကြားမှာလည်း အောက်တိုဘာလ ၁၄ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

မုန်လိုင်ခက် စခန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လခန့်ကတည်းက စစ်ကောင်စီက ကေအိုင်‌အေ ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာကို ဦးတည်ပြီး စစ်ကြောင်းတွေထိုးနေခဲ့တာ အခုဆိုရင် ၃ လ ကျော်လောက် ရှိလာပြီ ဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, AFP

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ/ကေအိုင်အို) တို့ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ကစပြီး ဖားကန့်မြို့ နယ် မအူပင်ကျေးရွာနဲ့ နန့်ယားကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဖားကန့် ကာမိုင်းလမ်းကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

မအူပင်ရွာမှာ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရအပြီးမှာ ရွာထဲက အိမ် ၃ လုံး မီးရှို့ဖျက်ဆီးခံရသလို ဒေသခံတစ်ဦး လက်နက်ကြီးမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မအူပင်ရွာကနေ ဖားကန့်ဘက်ကို ဆက်သွားရင် ခရီးသည်ယာဉ်တွေ အမြဲလိုလိုခရီး တစ်ထောက်နားတဲ့ နန့်ယားရွာမှာ ပြည်သူ့စစ်နဲ့ စစ်ကောင်စီက စစ်ဆေးရေးဂိတ်ရှိတာကြောင့် ဒေသခံတွေမှာ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းတွေ ရောက်လာတိုင်း နန့်ယားရွာ နဲ့ အနီးဝန်းကျင်ရွာတွေမှာ စစ်ကြောင်းတွေက မကြာခဏ ရွာသားတွေကို လက်နက်ပစ္စည်းတွေ သယ်ဖို့ ခေါ်ဆောင်သွားတာမျိုးတွေ ရှိတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, KNG

ဓာတ်ပုံ ပုံစာ, No tag
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကချင်ပြည်နယ်အတွင်းက ဖားကန့်မြို့နယ်နဲ့ မိုးမောက်မြို့နယ်မှာဆိုရင် အခုအောက်တိုဘာလဆန်းပိုင်းမှာ စစ်ကောင်စီနဲ့ ကေအိုင်အေတို့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။။

ဖားကန့်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက စစ်ကောင်စီ ရဲစခန်းနဲ့ စစ်ဖက်ရေးရာ ရုံးတို့ ကို ကေအိုင်အေနဲ့ ဒေသလက်နက်ကိုင် အဖွဲ့တွေက တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

မုန်လိုင်ခက် စခန်းတိုက်ခိုက်ခံရမှုအပြီး မိုးမောက်နဲ့ ကွတ်ခိုင်မြို့နယ်တို့ ဝိုင်းမော်မြို့နဲ့ ရွှေကူမြို့နယ်တွေ ထဲမှာလည်း စစ်ကောင်စီနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသအခြေစိုက်သတင်းတွေက ‌ရေးပါတယ်။

စစ်ကိုင်းတိုင်းမြောက်ပိုင်းက PDF တွေကို ကေအိုင်အေက လက်နက် ထောက်ပံ့တယ်၊စစ်သင်တန်းတွေပေးနေတယ်လို့ စစ်ကောင်စီက ယူဆပြီး မန္တလေးအထိ ကေအိုင်အေက ပျံ့နှံ့ဝင်ရောက်နေတယ် လို့ ဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ကိုင်းမှာ PDF တွေကို ကေအိုင်အေက ထောက်ပံ့နေလို့ လိုင်ဇာကို စစ်ရေးအရ ဖိအားပေးတာလို့ ပြောခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ဘက်ကတော့ “ လိုင်ဇာဘက်ကို ချီလာတဲ့ သူတို့တပ်တွေ( စစ်ကောင်စီတပ်တွေ)ကို ကြားဖြတ်တိုက်ခိုက်တာက ပိုများပါတယ်’’လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

အခု ဖားကန်မြို့နယ် မအူပင်ကျေးရွာတိုက်ပွဲကလည်း ခြေကျင်တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ကြားဖြတ် တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

 TNLA

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, TNLA

အပစ်ရပ်စာချုပ်မှာမှာ လက်မှတ်မရေးထိုးတဲ့ ကေအိုင်အေနဲ့ သာမက ကိုးကန့်တပ် (MNDAA)နဲ့ တအာင်းတပ် (TNLA)နဲ့ပါ စစ်ကောင်စီက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

TNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား ရှမ်းမြောက်ဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့တစ်လလုံးဖြစ်တဲ့ တိုက်ပွဲ စုစုပေါင်း ၇၈ ကြိမ် ရှိပြီလို့ TNLA ဘက်ကပြောပါတယ်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသထဲ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်(MNDAA)နဲ့ စစ်ကောင်စီတပ်အကြား အောက်တိုဘာလ ၁၄ ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်ရဲ့လက်နက်ခဲယမ်းတွေကို ကိုးကန့်တပ်ဘက်က သိမ်းဆည်းမိခဲ့တယ်လို့ ကိုးကန့် သတင်းဌာနကလည်း ဖော်ပြပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က ကိုးကန့်တိုက်ပွဲ နဲ့ TNLA တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အောက်တိုဘာလ ၁၅ ရက် ညနေ ၅ နာရီအချိန်အထိ တစုံတရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒါပေမဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်ခပ်ရပ်စဲရေး သဘောတူစာချုပ် NCA နှစ်ပတ်လည် ရှစ်နှစ်ပြည့်ပွဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စစ်ကောင်စီ ဥက္ကဋ္ဌက ထပ်ပြီး ပြောခဲ့ပါတယ်။

NCA စာချုပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းကတည်းက ပျက်ပြယ်သွားဖြစ်လို့ ဒီလို NCA နှစ်ပတ်လည် ကျင်းပတာဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ‌ဒူဝါလရှီးလက ပြောခဲ့ပါတယ်။