RCSS ခေါင်းဆောင်၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်တပ်ကို ဝေဖန်
RCSS ခေါင်းဆောင်၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်တပ်ကို ဝေဖန်
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ဆက်ဆံရေးကောင်းခဲ့တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က တိုင်းပြည်မှာ လက်ရှိကြုံတွေနေရတဲ့ ပြဿနာတွေဟာ ခေါင်းဆောင်ဆိုသူ တစ်ဦးတည်းရဲ့ လုပ်ဆောင်မှု ကြောင့်သာ ဖြစ်တယ်လို့ပြောလိုက်ပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။ RCSS/SSA ရဲ့ ဌာနချုပ် လွိုင်တိုင်းလျန်းမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကပြုလုပ်တဲ့ ၇၉ နှစ်မြောက် ရှမ်းအမျိုးသားနေ့ မိန့်ခွန်းမှာ သူက အဲဒီလို ပြောခဲ့တာပါ။ ဗိုလ်ချုပ်ကြီးယွက်ဆစ် အခုလိုဝေဖန်ပြောဆိုလာတာ ဘာကြောင့်ပါလဲ။ စစ်တပ်က ဆုံးရှုံးနယ်မြေတချို့ကို ပြန်ရယူနိုင်ခဲ့ချိန် ရွေးကောက်ပွဲလည်းပြီးစီးချိန်မှ အခုလိုဘာကြောင့် ပြောလာတာလဲ၊ စစ်တပ်နဲ့ RCSS ဆက်ဆံရေးက ဘယ်လိုအခြေအနေ ဖြစ်သွားတာလဲ။ မစန္ဒာဝင်းက ပြောပြမှာပါ။



