ရာဖာက ဓားစာခံ ၂ ယောက် အစ္စရေး ကယ်ဆယ်နိုင်

ရာဖာက ဓားစာခံ ၂ ယောက် အစ္စရေး ကယ်ဆယ်နိုင်

မနေ့က အစ္စရေး ကာကွယ်ရေးတပ်တွေက ဓားစာခံ ၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့အပြီးမှာ အစ္စရေး ဝန်ကြီးချုပ်က ဂါဇာထဲက ဓားစာခံတွေ လွတ်မြောက်ရေးအတွက် စစ်ရေးဖိအား တခုတည်းသာ သုံးစရာရှိတယ်လို့ ပြောပါတယ်။ ရာဖာမြို့ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၆၀ ကျော်သေဆုံးခဲ့ပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာ ရေးရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။