ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေနဲ့ တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မယ်
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ကီယာစတာမာဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဒီနေ့ သူ့ခရီးစဉ်ရဲ့ ပထမဆုံးနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ တရုတ်သမ္မတ ရှီက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းက နှစ်နိုင်ငံ ဆက်ဆံရေးမှာ နှစ်နိုင်ငံစလုံးအတွက် အကျိုးမရှိတဲ့ အလှည့်အပြောင်းတွေ ရှိခဲ့ကြောင်းပြောပါတယ်။ ဒါပေမယ့် တရုတ်ဘက်က ယူကေနဲ့ ဗျူဟာမြောက် ရေရှည်ဆက်ဆံရေးမျိုး ထူထောင်ဖို့ အသင့် ရှိနေတဲ့ အကြောင်း ပြောပါတယ်။ မစ္စတာ စတာမာကလည်း တရုတ်ဟာ ကမ္ဘာ့ဇတ်ခုံမှာ အဓိက ကျတဲ့အကြောင်း နှစ်နိုင်ငံအကြား ပိုမိုအဆင့်မြင့်တဲ့ ဆက်ဆံရေးမျိုး ထူထောင်လိုကြောင်း ပြောခဲ့ပါတယ်။ ဘေကျင်းမြို့က ဘီဘီစီ သတင်းထောက် စတီဗင်မက်ဒေါနဲလ်ရဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။