ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NUG ကို အမေရိကန် ထောက်ပံ့ထားတယ်လို့ စစ်ကောင်စီ စွပ်စွဲ
NUG ကို အမေရိကန် ထောက်ပံ့ထားတယ်လို့ စစ်ကောင်စီ စွပ်စွဲ
တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ သဘောထားဖော်ပြချက် ၃ ခုကို စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၅ ရက်ညပိုင်းမှာ ဆက်တိုက်ထုတ်ပြန်ခဲ့ပြီး မြန်မာ ပြည်သူတွေအတွက် မိတ်ဆွေစစ် နိုင်ငံဟာ တရုတ်လို့ ဖော်ပြထားသလို အမေရိကန်အစိုးရ အထောက်အပံ့ကိုယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUGဟာ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA တို့နဲ့ပေါင်းပြီး အစိုးရကိုတိုက်ခိုက်နေတယ်လို့ စွပ်စွဲထားပါတယ်။ ဒီအပေါ်မှာ NUG နဲ့ TNLA ကဘယ်လိုတုံ့ပြန်ပါသလဲ။ ကိုဝေဖြိုးက ပြောပြပေးမှာပါ။