ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆီဆိုင်မှာ တိုက်ပွဲ ပြင်းထန်
ဆီဆိုင်မှာ တိုက်ပွဲ ပြင်းထန်
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာ စစ်တပ်၊ ပအိုဝ်ပြည်သူ့စစ် နဲ့ PNLA ပအိုဝ်ကာကွယ်ရေးအဖွဲ့တွေအကြားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီတပ်တွေက PNLA ပအိုဝ်ကာကွယ်ရေးအဖွဲ့တွေရှိတယ်လို့ ယူဆတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကျဲတာတွေလည်း လုပ်ဆောင်နေပါတယ်။ မြေပြင်မှာလည်း ပအိုဝ်ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ပအိုဝ်ဒေသက စစ်ရေးအခြေအနေ ကို မညိုလဲ့ရည်က ပြောပြပေးမှာပါ။