နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ကို ဖွဲ့စည်း

ဗီဒီယို ပုံစာ, နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ကို ဖွဲ့စည်း
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ကို ဖွဲ့စည်း

လတ်တလော စစ်တပ်ကို တော်လှန် တိုက်ခိုက်နေတဲ့ အထဲက အင်အားကြီးတပ်တွေအပါအဝင် တပ် ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ကို အဖွဲ့အားလုံးရဲ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဦးဆောင်ကော်မတီကပဲ အမိန့်ပေးကွပ်ကဲသွားမယ်လို့ သိရပါတယ်။ ဒီလို တပ်ပေါင်းစုတစ်ခု ဘာကြောင့်ဖြစ်လာတာလဲ၊ စစ်ရေးဖော်ဆောင်မှုတွေမှာ ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမှာလဲ။ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လက်နက်ကိုင်အဖွဲ့တွေ ဘာကြောင့်မပါဝင်တာလဲ။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြမှာပါ။