PDF စခန်းတချို့ လက်လွှတ်ရပြီး မန္တလေးတိုင်းထဲ တိုက်ပွဲပြင်းထန်

ဗီဒီယို ပုံစာ, မန္တလေးတိုင်းထဲ တိုက်ပွဲပြင်းထန်နေ
PDF စခန်းတချို့ လက်လွှတ်ရပြီး မန္တလေးတိုင်းထဲ တိုက်ပွဲပြင်းထန်

မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်တဲ့ မန္တလေးတိုင်းအထက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းက ရွာတချို့နဲ့စခန်းတချို့ကိုပါ လက်လွှတ်ခဲ့ရတာတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ စစ်တပ်ဟာ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းထားတဲ့နယ်မြေတွေကို ပြန်ရဖို့ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး လေကြောင်းရော မြေပြင်ကပါ နည်းမျိုးစုံနဲ့ တန်ပြန်ထိုးစစ်လုပ်နေတာလို့ ဆိုပါတယ်။ ဒီအကြောင်း ကိုဝေဖြိုးက ပြောပြပါမယ်။