ငလျင် ထောက်ပံ့ကြေး တန်းတူညီတူ မရ

ငလျင် ထောက်ပံ့ကြေး တန်းတူညီတူ မရ

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တုန်းက မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရတဲ့ နေအိမ်တွေ အတွက် ထောက်ပံ့ကြေးတွေ ပေးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ငလျင်ဘေးသင့် ဒေသက ပျက်စီးသွားတဲ့ နေအိမ်တွေ အားလုံးကို ထောက်ပံ့ကြေး ပေးသွားမှာ ဖြစ်ကြောင်း သဘာဝ ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနဘက်က ပြောကြားပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ထောက်ပံ့ကြေး တန်းတူညီတူ မရတာနဲ့ ထောက်ပံ့ ကြေး လုံးဝ မရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ မတာရာက ဆက်ပြီး ပြောပြပေးမှာပါ။