ဂါဇာကို အစ္စရေး ထိုးစစ်ဆင် တိုက်ခိုက်နေ
ဂါဇာကို အစ္စရေး ထိုးစစ်ဆင် တိုက်ခိုက်နေ
အစ္စရေး ဟာ မနေ့က ဂါဇာထဲမှာ အရေးပေါ် ကယ်ဆယ်ရေး ကြေညာချက်တွေ ထုတ်ပြန်ပြီးတဲ့ နောက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ လူနေထူထပ်တဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဂါဇာထဲမှာ နေထိုင်သူတွေက ပြောပါတယ်။ ဘီဘီစီ အနေနဲ့ ဂါဇာထဲ ဝင်ရောက်ပြီး သတင်းတင်ဆက်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဂျေရုဆလင် မြို့မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် လူစီ ဝီလျံဆန်က အခုလို သတင်းပေးပို့ထားပါတယ်။



