ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ဒေသခံနဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီ ပြည်သူ့စစ်သင်တန်းပေးနေ
ရခိုင်ဒေသခံနဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီ ပြည်သူ့စစ်သင်တန်းပေးနေ
ရခိုင်ပြည်နယ်ထဲ စစ်ကောင်စီ လတ်တလော ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ရခိုင်ဒေသခံတွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်လူငယ်တွေကို ပြည်သူ့စစ်သင်တန်း ပို့ချတာမျိုးတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။ ဒ့ါအပြင် ရိုဟင်ဂျာ အသိုင်းအဝိုင်းထဲမှာလည်း စစ်မှုထမ်းစာရင်း ကောက်ယူတာမျိုးတွေ ဆက်လက် ပြုလုပ် နေတယ်လို့ ဆိုပါတယ်။ ဘယ်နေရာတွေမှာ အခုလို ဖြစ်နေတာပါလဲ။ အပြည့်အစုံကို မသီရိဇော် ပြောပြထားပါတယ်။