ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တစ်ရက်တည်းမှာ ရွှေညဝါ ဆရာတော် ပျံတော်မူပြီး စာရေးဆရာ မောင်သာချိုလည်း ကွယ်လွန်
တစ်ရက်တည်းမှာ ရွှေညဝါ ဆရာတော် ပျံတော်မူပြီး စာရေးဆရာ မောင်သာချိုလည်း ကွယ်လွန်
နိုင်ငံရေးလောကမှာ လူသိများထင်ရှားတဲ့ ရွှေညဝါဆရာတော် ပျံတော်မူသွားခဲ့ပြီး စာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာမောင်သာချိုလည်း ဒီကနေ့ ဇူလိုင် ၁၀ ရက်နေ့ တစ်ရက်တည်းမှာ ကွယ်လွန်ခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ စစ်အာဏာသိမ်းချိန်မှာ အစောဆုံး ဖမ်းဆီးခံခဲ့သူတွေဖြစ်ပြီး ပြန်လည် လွတ်မြောက် လာတော့လည်း တစ်ရက်တည်း အတူတူလွတ်မြောက်ခဲ့ကြပါတယ်။ သူတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက် တွေနဲ့ အကျဥ်းထောင်အတွင်း ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို ကိုမောင်က ပြောပြမှာပါ။