ဂါဇာ ထိုးစစ်နဲ့ အစ္စရေးတွေရဲ့ သဘောထား

ဂါဇာ ထိုးစစ်နဲ့ အစ္စရေးတွေရဲ့ သဘောထား

ဟားမတ်စ်တွေရဲ့ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ကျန်ရစ်သူ မိသားစုတွေဟာ မနေ့ညက တယ်လ်အဗီးမှာ တောင်းဆိုဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။

ဓားစာခံတွေရဲ့ နာမည်တွေရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး သူတို့အားလုံးကို ပြန်လိုချင်တယ်လို့လည်း ကြွေးကြော်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဂါဇာထဲမှာ အစ္စရေး ဓားစာခံတွေဟာ ဆိုးရွားတဲ့ အခြေအနေမှာ နေထိုင်နေကြရပြီး လေကြောင်းတိုက်ခိုက်မှု အန္တရာယ်နဲ့လည်း နီးစပ်နေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံရှေ့က ဆန္ဒပြပွဲမှာ ဓားစာခံတွေ လွတ်မြောက်ဖို့အတွက် အချိန်အနည်းငယ်ပဲ ရှိတော့တာကြောင့် အမြန်ဆုံးကယ်တင်ပေးဖို့ တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ ဂါဇာထဲမှာ အစ္စရေး ဓားစာခံ ၂၂၀ ကျော်ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

ဘီဘီစီ နိုင်ငံတကာ သတင်းအယ်ဒီတာ ဂျရမီ ဘိုဝင်က ဂါဇာ ကမ်းမြှောင်နားက အရပ်သားတွေနဲ့ အစ္စရေး အရံတပ်ဖွဲ့ဝင်တွေကို တွေ့ဆုံပြီး အဲဒီက အခြေအနေတွေကို သတင်းပေးပို့ထားပါတယ်။ ကိုမိုးမြင့်က ပြောပြပေးမှာပါ။