ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာပြည်သူ ထောင်ပေါင်းများစွာ အိမ်ပြန်လာ
ဂါဇာပြည်သူ ထောင်ပေါင်းများစွာ အိမ်ပြန်လာ
ဂါဇာမြောက်ပိုင်းကို ပါလက်စတိုင်း ပြည်သူ ထောင်ပေါင်းများစွာပြန်လာနေကြပါတယ်။ ကမ်းနား လမ်းမကြီးပေါ်မှာ ဒုတိယမြောက် နေ့အဖြစ် လူထောင်သောင်းချီပြီး တွေ့နေရပါတယ်။ လာမယ့် ရက်ပိုင်းတွေ အတွင်း လူ ၅ သိန်း နီးပါးလောက် ပြန်လာကြမယ်လို့ ခန့်မှန်းထားကြပါတယ်။ အစ္စရေးက နိုင်ငံတကာက သတင်းထောက်တွေကို ဂါဇာထဲ ပေးမဝင်ပါဘူး။ ဂျေရုဆလင်မြို့က ဘီဘီစီ သတင်းထောက် လူစီ ဝီလယမ်ဆင် ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။