ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေက ယူကရိန်းပြည်သူတွေအပေါ် ဘယ်လို သက်ရောက်သလဲ
ဗြိတိန်နဲ့ အမေရိကန်တို့က မနှစ်က ကိယဗ်ကို အနောက်နိုင်ငံတွေဆီက ကူညီထားတဲ့ လက်နက်တွေ အသုံးပြုခွင့်နဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ဂျာမန် ဝန်ကြီးချုပ် ဖရီဒရစ်ခ် မက်ဇ်က ဒီလို လုပ်ပေးလိုက်တာဟာ ယူကရိန်းတိုက်စွမ်းရည်အတွက် အထောက်အကူပိုဖြစ်လာနိုင်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ယူကရိန်းကို ရုရှားဘက်က အပြင်းအထန် လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက်မှာ ဂျာမနီက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ယူကရိန်း ရေးရာ သတင်းထောက် ဂျိမ်းစ် ဝါးတားဟောက်စ်က ရုရှားရဲ့ နောက်ဆုံး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ယူကရိန်း ပြည်သူတွေရဲ့ လူမှု ဘဝတွေမှာ ဘယ်လို ရိုက်ခတ်မှုတွေ ရှိသလဲဆိုတာကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ကိုမိုးမြင့်က ပြန်ပြောပြမှာပါ။