ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန်က သိုးထိန်း အမျိုးသမီးများ
ပါကစ္စတန်က ရှင်မ်ရှဲလ် တောင်ကြားမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေဟာ သိုးမွေးမြူပြီး အသက်မွေးကြတာဖြစ်ပါတယ်။ နှစ်စဉ် သူတို့ရဲ့ သိုးတွေကို ကုန်းမြင့်ပိုင်းက စားကျက်မြေတွေဆီကို ခေါ်သွားလေ့ ရှိကြပါတယ်။ သူတို့ရဲ့ သိုးတွေဆီက ရတဲ့ နို့ထွက်ကုန်ပစ္စည်းတွေကို ရောင်းချပြီး ရတဲ့ ငွေကြောင့်ပဲ သူတို့ ရွာမှာ ပိုမို့ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ လမ်းတွေဖောက် နိုင်သလို ကလေးတွေကိုပါ ပညာသင်ပေးနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ ဒီ ဓလေ့ထုံးတွေမှာ အပြောင်းအလဲတွေ မြင်လာရဖို့ ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် မီတာ ၄၈၀၀ မှာ အသက်မွေးနေတဲ့ ဒီအမျိုးသမီးတွေအကြောင်း ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀ အထူးအစီအစဉ်အဖြစ် တက်ဆက်ပေးလိုက်ပါတယ်။