ရုရှားဒုံးကျည်ဒဏ်ကြောင့် ယူကရိန်းအရှေ့ဘက်မှာ လူဒါဇင်ချီ သေဆုံး - ဇွန်လ ၂၈ရက် ညနေခင်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်း အရှေ့ဘက်က Kramatorsk မြို့မှာ မနေ့ညက ရုရှားဒုံးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ၁ဝယောက် သေဆုံးသွားတယ်လို့ ရဲက ပြောပါတယ်။
သေဆုံးသူတွေထဲ ကလေးငယ် ၃ယောက် ပါဝင်တာ ဖြစ်ပါတယ်။
ရုရှား ဒုံးကျည်ဒဏ်ကြောင့် လွှတ်တော်အမတ် ၊ စာရေးဆရာနဲ့ သတင်းထောက် စတဲ့ ကိုလံဘီယာ နိုင်ငံသား ၃ယောက် အပါအဝင် လူအယောက် ၆ဝ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ယူကရိန်းမှာ လူစည်ကားနေတဲ့ ပီဇာ စားသောက်ဆိုက်ပေါ်ကို ဒုံးကျည် ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေကတော့ အသက်ရှင် ကျန်ရစ်သူတွေကို အပျက်အစီးကြား လိုက်လံ ရှာဖွေကာ လူ၃ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒီမနက်ကလည်း ယူကရိန်း အရှေ့မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ပြီး ဝင်ရောက်လာတဲ့ ဒုံးကျည်ဒဏ်ကြောင့် အနည်းဆုံး အရပ်သား ၃ယောက် သေဆုံးခဲ့ပါတယ်။
တပြေးညီဥပဒေတရပ်သတ်မှတ်ဖို့ မိုဒီတိုက်တွန်းချက် ဝေဖန်ခံနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရမ်ကျမ်း မီးရှို့ဆန္ဒပြတဲ့ အစီအစဉ်ကို ဆွီဒင် ခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆွီဒင်နိုင်ငံ မြို့တော် စတော့ခ်ဟုမ်းမှာ ကိုရမ်ကျမ်းစာကို မီးရှို့ပြီး ဆန္ဒပြမယ့် အစီအစဉ်တရပ်ကို အာဏာပိုင်တွေက ခွင့်ပြုချက် ပေးလိုက်ပါပြီ။
ဒီဆန္ဒပြပွဲကို မြို့လယ်က အဓိက ကျတဲ့ ဗလီအပြင်ဖက်မှာ ဒီနေ့ကျင်းပခဲ့တာပါ။
အလားတူ ကိုရမ်ကျမ်းစာမီးရှို့ဆန္ဒပြမယ့် လက်ယာယိမ်းသမားတွေရဲ့ ဆန္ဒပြမှုကို ရဲက မှားယွင်းစွာ တားမြစ်ခဲ့တယ်လို့ တရားရုံးဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးနောက်မှာ အခုလို အခြေအနေပေါ်ပေါက်လာတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် စုဝေးခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံပါ အခွင့်အရေးတွေကို လုံခြုံရေး စိုးရိမ်ချက်နဲ့ ပယ်ချတာမျိုးမဖြစ်သင့်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ တူရကီက ကန့်ကွက်နေတဲ့ ၊ ဆွီဒင် နေတိုးအဖွဲ့ဝင် ဖြစ်ရေး လျှောက်ထားချက်ကို ပိုမိုရှုတ်ထွေးသွားစေခဲ့ပါတယ်။
လူမှုအသိုင်းအဝိုင်း အားလုံးနဲ့ကိုက်ညီမယ့် ဥပဒေတခုကို တပြေးညီ သတ်မှတ်ဖို့ ဝန်ကြီးချုပ် နရင်ဒရာမိုဒီရဲ့ ပန်ကြားချက်အပေါ် အတိုက်အခံ ပါတီတွေနဲ့ ဘာသာရေးအဖွဲ့တချို့က အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
အိန္ဒိယလို လူမျိုးစုံ ဘာသာစုံ ရှိတဲ့ တိုင်းပြည်မှာ ဘုံသတ်မှတ်ထားတဲ့ ဥပဒေတရပ်ဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။
တပြေးညီ သတ်မှတ်ထားတဲ့ လူထုလိုက်နာရမယ့် ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ဘာသာရေး လွတ်လပ်ခွင့် အာမခံချက်ကို ဆန့်ကျင်လျက် ရှိတယ်လို့ သူတို့ကပြောပါတယ်။
မူဆလင် သန်း၂ဝဝ အပါအဝင် ဘာသာရေး ၊ လူမျိုးရေး အဖွဲ့အစည်းများစွာ ရှိတဲ့ အိန္ဒိယမှာ လက်ထပ်ထိန်းမြား ၊ ကွာရှင်း ၊ အမွေဆက်ခံ ၊ မွေးစားသလိုမျိုး ကိစ္စရပ်တွေကို အထူးဥပဒေတွေနဲ့ ပြဌာန်း ထိန်းချုပ် ထားတာ ဖြစ်ပါတယ်။
မစ္စတာ မိုဒီကတော့ တိုင်းပြည်မှာ ဥပဒေပေါင်းများစွာ ပြဌာန်းထားရင် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ဆင်နေတာရပ်သွားအောင် နားချပေးဖို့ တရုတ်ကို နယူးဇီလန် တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
နယူးဇီလန် ဝန်ကြီးချုပ်ဟာ သူ့ရဲ့ဘေဂျင်းခရီးစဉ်အတွင်း တရုတ်အစိုးရနဲ့ ဒေါ်လာ ဘီလီယံ ၂၀ ဖိုး ကုန်သွယ်ရေး စာချုပ် လက်မှတ်ထိုးခဲ့တယ်လို့ ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ၊ ဝန်ကြီးချုပ်Li Qiang တို့နဲ့တွေ့ဆုံပြီးနောက် နယူးဇီလန် ဝန်ကြီးချုပ် Chris Hipkins က အခုလို ကြေညာလိုက်တာပါ။
တရုတ်နိုင်ငံဟာ နယူးဇီလန်အတွက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံတခု ဖြစ်ပါတယ်။
တရုတ်အနေနဲ့ သူတို့ရဲ့ သြဇာအာဏာကိုသုံးပြီး ယူကရိန်းကို ရုရှားကကျူးကျော်စစ် ဆင်နွှဲနေတာ အဆုံးသတ်အောင် နားချပေးဖို့ တိုက်တွန်းခဲ့တယ်လို့ မစ္စတာ ဟစ်ပ်ကင်န်စ်က ပြောပါတယ်။
ဘုရင်မယာဉ်တန်းကို နှောင့်ယှက်တားဆီးတယ်ဆိုပြီး တရားစွဲခံထားရသူတွေကို ထိုင်းတရားရုံးက တရားသေ ပြန်လွှတ်ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံမှာ ဘုရင့်ကြင်ယာတော်ကို အကြမ်းဖက်ဖို့ကြိုးပမ်းတယ်ဆိုပြီးတရားစွဲထားတဲ့ ဆန္ဒပြသမား ၅ယောက်ကို တရားရုံးက တရားသေ ပြန်လွှတ်ပေးလိုက်ပါတယ်။
၂၀၂၀ တုန်းက ဒီမိုကရေစီ ဆန္ဒပြမှုအတွင်း ဘုရင်မ ယာဉ်တန်းဖြတ်သွားစဉ် ဘန်ကောက်မြို့က ဆန္ဒပြသမားတွေရဲ့ ဟန့်တားမှုနဲ့ ကြုံခဲ့ရတာပါ။
တရားစွဲ ခံထားရသူတွေဟာ တော်ဝင်ယာဉ်တန်းကို အနှောင့်အယှက်ပေးဖို့ ဆန္ဒရှိတာ မတွေ့ရဘူးလို့ တရားရုံးက ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ တော်၀င်မိသားစုကို အကာအကွယ်ပေးထားပြီး ထိပ်တန်းတော်ဝင် တယောက်ယောက်ကို အကြမ်းဖက်ဖို့ ကြိုးစားရင် အနိမ့်ဆုံး ထောင်ဒဏ် ၁၆နှစ် ချခံရနိုင်တာ ဖြစ်ပါတယ်။








